မြန်မာ့ကော်ဖီစျေးကွက်တိုးချဲ့နိုင်ဖို့ ရည်ရွယ်ပြီး ကော်ဖီအရည်အသွေးအကဲဖြတ် ဆုဖလားပြိုင်ပွဲကျင်းပ

မြန်မာ့ကော်ဖီစျေးကွက်တိုးချဲ့နိုင်ဖို့ ရည်ရွယ်ပြီး ကော်ဖီအရည်အသွေးအကဲဖြတ် ဆုဖလားပြိုင်ပွဲကျင်းပ

ရန်ကုန်၊ မေ ၁၇ ။              ။ တတိယအကြိမ်မြောက် မြန်မာ့ကော်ဖီအရည်အသွေးအကဲဖြတ် ဆုဖလားပြိုင်ပွဲကို မေလ ၁၇ ရက်နေ့က ရန်ကုန်မြို့ ဒေါပုံမြို့နယ်မှာရှိတဲ့   ရွှေပုစွန်ကော်ဖီဆိုင်မှာ   ပြုလုပ်ခဲ့ပါတယ်။

ဒီပြိုင်ပွဲကို မြန်မာနိုင်ငံကော်ဖီအသင်းနဲ့အတူ အမေရိကန်အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့-USAID နဲ့ Win Rock International တို့က ကမကထပြုလုပ်ကျင်းပခဲ့တာပါ။

ကော်ဖီဆုဖလားပြိုင်ပွဲရဲ့ အဓိက ရည်ရွယ်ချက်အနေနဲ့ကတော့ မြန်မာနိုင်ငံကထွက်ရှိတဲ့ ကုန်းမြင့်ကော်ဖီအမျိုးအစား အာရေးဘီးကား ကော်ဖီရဲ့ အရည်အသွေးကို အကဲဖြတ်ဖို့နဲ့ မြန်မာ့ကော်ဖီ နိုင်ငံတကာဈေးကွက် ပိုမိုတိုးချဲ့နိုင်ဖို့ ဖြစ်ပါတယ်။

ဒီလို အရေအသွေးစစ်ဆေးခြင်းရဲ့ အကျိုးရလာဒ်တွေကြောင့် ၂၀၁၆ ခုနှစ် အစောပိုင်း ကနေစပြီး အာရေဘီးကားကော်ဖီတွေကို ဥရောပနဲ့ အာရှဈေးကွက်တွေကို တစ်စတစ်စ တိုးချဲ့တင်ပို့လာနိုင်ခဲ့ပြီလို့ တတိယအကြိမ် ကော်ဖီဆုဖလားပြိုင်ပွဲကို တက်ရောက်လာတဲ့ မန္တလေးကော်ဖီအဖွဲ့ကုမ္ပဏီလီမိတက်ရဲ့ ဒါရိုက်တာဖြစ်သူ ဦးစိုင်းဝမ်းမိုင်က မဇ္ဈိမကို ပြောပါတယ်။

"မနှစ်ကလည်း ကျွန်တော်တို့ US ကိုတင်ပို့တယ် ဂျပန်၊ ကိုရီးယာ၊ ဆွန်ဇလန်ကို တင်ပိုတယ် ဒီနှစ်အနေအနဲလည်း ကွန်တိန်နာ ၄ လုံးလောက်တင်ပို့မယ် ဂျပန်၊ကိုရီးယား ဒီနှစ်ထူးခြားတာကတော့ အိုက်စလန်နိုင်ငံကို တိုးချဲတင်ပို့နိုင်မှာ ဖြစ်ပါတယ်။" လို့ Mandalay Coffee Group Co.,Ltd ရဲ့ ဒါရိုက်တာ ဦးစိုင်းဝမ်းမိုင်က ပြောပြတာပါ။

ဒီမေလထဲမှာတော့ ဆွစ်ဇာလန်နိုင်ငံကို ၁၈တန်နဲ အင်္ဂလန် နိုင်ငံကို ၁၈ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဈေးကွက်ကိုလည်း ကော်ဖီစေ့ ၄တန်လောက် ဒီမေလထဲမှာပဲ ဆက်လက်တင်ပို့သွားဖို့ ရှိနေတယ်လို့ မြန်မာနိုင်ငံကော်ဖီအသင်းဥက္ကဌ ဦးရဲမြင့်က ပြောပြထားပါတယ်။

"ကျွန်တော်တို့ အာရေဘီးကားကော်ဖီကို ကျွန်တော်တို့ အများဆုံတင်ပို့ပါတယ်။ အားရေဘီကား - ကုန်းမြင့်ကော်ဖီပါ၊ ကျွန်တော်တို့ကောိဖီတွေက အရိပ်ပင်အောက်မှာစိုက်တဲ့ အတွက် အနံ့အရသာနဲ့ ပြည့်စုံပါတယ်။ ကမ္ဘာမှာမမျှော်မှန်းထားတဲ့ Cupping Score တွေပါ ရရှိနေပြီဖြစ်ပါတယ်။" လို့ မြန်မာနိုင်ငံကော်ဖီအသင်း ဥက္ကဋ္ဌ ဦးရဲမြင့်က ဆိုပါတယ်။

ဒီလို တင်ပို့မှုတွေတိုးလာသလို အရင်သုံးနှစ်ဝန်းကျင်က ကော်ဖီတစ်တန်ကို အမေရိကန်ဒေါ်လာ ၂၅၀၀ ဝန်းကျင်သာ ရရှိခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ ကော်ဖီတစ်တန်ကို အမေရိကန်ဒေါ်လာ ၅၀၀၀ ကနေ ၇၀၀၀ ကျော်ရှိရရှိလာနေပြီဖြစ်ပါတယ်။

"ကော်ဖီကတော့ အဓိကကတော့ ဈေးနှုန်းအရေအသွေးနဲ့ တိုက်ရိုက်သက်ဆိုင်တယ်ပေါ့။ ကျွန်တော်တို့ အရေအသွေးကောင်းတဲ့ ကော်ဖီတွေအတွက်ကတော့ ခုနလိုပြောတဲ့ ဈေးနှုန်းအနှိမ်ခံရတဲ့ ပြဿနာကတော့ မကြုံတွေရဘူး။ ကျွန်တော်တို့ အဓိက တင်ပို့ရောင်းချတာလဲ အထူးတန်းဝင်ကော်ဖီကို ရောင်းချတာဖြစ်တဲ့အတွက် အဲလိုအခက်အခဲမျိုးတော့ မရှိပါဘူး။" လို့ Mandalay Coffee Group Co.,Ltd ရဲ့ ဒါရိုက်တာ ဦးစိုင်းဝမ်းစိုင်က ပြောပါတယ်။

အခု တတိယအကြိမ်ပြုလုပ်တဲ့ ကော်ဖီဆုဖလားပြိုင်ပွဲမှာ မြန်မာနိုင်ငံကော်ဖီစိုက် တောင်သူနဲ့ အစုအဖွဲ့ ၇၁ ဦးက ပေးပို့လာတဲ့ အာရေးဘီးကားကော်ဖီတွေကို အကဲဖြတ် ခဲ့တာဖြစ်ပြီးတော့ အဲဒိထဲကမှ မန္တလေးကော်ဖီအဖွဲ့က သဘာဝနည်းထုတ်လုပ်သူ ပထမဆု နဲ့ မိုးကုတ်ကော်ဖီခြံက အစိုနည်းနဲ့ ထုတ်လုပ်သူ ဆုဆိုပြီး အသီးသီး ရရှိခဲ့တာ ဖြစ်ပါတယ်။

အရေအသွေးမြင့်ဈေးကွက်ဝင်တဲ့ ကော်ဖီကို ထုတ်လုပ်နိုင်ဖို့ အရည်အသွေးစစ်ဆေးခြင်း ပြိုင်ပွဲကို ၂၀၁၅ ခုနှစ်ကနေ စတင်ကာ ဆက်တိုက်ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ကော်ဖီ အရည်အသွေးတွေဆက်လက် ထိန်းသိမ်းနိုင်ဖို့အတွက် အခုလိုပြိုင်ပွဲတွေကို နှစ်စဉ် ကျင်းပပေးသွားမယ်လို့သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly