ဟက်ကာများ၏ ခြိမ်းခြောက်ငွေညှစ်မှုနှင့် ရင်ဆိုင်နေရသည့် ဒစ်စနေးစတူဒီယို

ဟက်ကာများ၏ ခြိမ်းခြောက်ငွေညှစ်မှုနှင့် ရင်ဆိုင်နေရသည့် ဒစ်စနေးစတူဒီယို

ဟက်ကာများက သူတို့အလိုရှိသော ငွေကြေးကို မပေးချေလျှင် ၎င်းတို့စတူဒီယိုမှ မကြာခင် ထွက်ရှိတော့မည် ဖြစ်သော ရုပ်ရှင်ကားများကို အွန်လိုင်းပေါ်သို့ ဖြန့်ဝေပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ဒစ်စနေးရုပ်ရှင်စတူဒီယို က ပြောခဲ့သည်။

ဒစ်စနေး၏ စီအီးအိုဖြစ်သူ ဘော့ဘ်အိုင်ဂါက ဟက်ကာများ၏ တောင်းဆိုချက်ကို ABC ဝန်ထမ်းများအား ပြီးခဲ့ သော တနင်္လာနေ့ကပြောခဲ့သည်။ မည်သည့် ရုပ်ရှင်ကို အွန်လိုင်းပေါ်သို့ ဟက်ကာများက ဖြန့်ဝေမည်ဟု သူက ဖွင့်မပြောခဲ့သော်လည်း ဟောလိဝုဒ်နေ့စဉ် သတင်းများကို ဖော်ပြနေသော Deadline သတင်း ဘလော့ဂ်က အဆိုပါ ရုပ်ရှင်သည် Pirates of the Caribbean: Dead Men Tell No Tales ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

မစ္စတာအိုင်ဂါက ဒစ်စနေးသည် ဟက်ကာများ အလိုရှိသောငွေကြေးကို ပေးမည်မဟုတ်ကြောင်း ပြောကြားခဲ့ပြီး လောလောဆယ်တွင် စတူဒီယိုသည် ဗဟိုအစိုးရမှ စုံစမ်းစစ်ဆေးသူများနှင့် ပူးပေါင်းစုံစမ်းနေကြောင်း ပြောခဲ့ သည်။

ဟက်ကာများသည် အလိုရှိသောငွေကြေးကို Bitcoin (ဒစ်ဂျစ်တယ် ငွေပေးချေမှုစနစ်) ဖြင့် ပေးချေရန်တောင်း ဆိုထားပြီး အကယ်၍ တောင်းဆိုတာကို မလုပ်ပေးပါက အွန်လိုင်းပေါ်သို့ ရုပ်ရှင်ကားများကို မိနစ် ၂၀စီ အပိုင်း တိုလေးများဖြင့် ဖြန့်ဝေသွားမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း အိုင်ဂါက ဆက်ပြောခဲ့သည်။

ဒစ်စနေးသည် ဟက်ကာတို့၏ ခြိမ်းခြောက်မှုကို ပထမဦးဆုံး ခံရသော စတူဒီယိုမဟုတ်ကြောင်း သိရသည်။ ပြီးခဲ့သော လကလည်း ဟက်ကာတစ်စုသည် သူတို့တောင်းဆိုထားတာကို မရရှိသောကြောင့် Orange is the New Black ဇာတ်လမ်းတွဲ၏ အပိုင်းများကို အွန်လိုင်းပေါ်သို့ ဖြန့်ဝေခဲ့ဖူးသည်။

Dead Men Tell No Tales ရုပ်ရှင်တွင် ဂျွန်နီဒက်ပ်၊ အော်လန်ဒိုဘလွန်း၊ ဂေါ့ဖရေးရက်ရှ်တို့ ပါဝင်သရုပ်ဆောင် ထားပြီး ထိုရုပ်ရှင်ကို လာမည့်မေလ ၂၆ရက်နေ့တွင် အမေရိကန်ရှိ ရုပ်ရှင်ရုံများ၌ ပြသသွားမည် စီစဉ် ထားသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly