မစားဖူးသေးတဲ့ မြန်မာမုန့် ဘာဖြစ်မလဲ

မစားဖူးသေးတဲ့ မြန်မာမုန့် ဘာဖြစ်မလဲ
 

လူတိုင်း မြန်မာမုန့် စားဖူးကြမှာပေါ့။ ဒါပေမယ့် မြန်မာမုန့်တွေက အများကြီးရှိနေတော့ မစားဖူးတဲ့ မြန်မာမုန့်က ဘယ်လိုများဖြစ်မလဲ။ ကျွန်မသူငယ်ချင်းတွေဆီကို လိုက်မေးကြည့်လိုက်ပါဦးမယ်။

 

 

 

ကျွန်တော်မစားဖူးတာက မြန်မာမုန့်ထဲမှာဆိုရင် ထန်းသီးမုန့် မစားဖူးဘူး။ ပုံထဲမှာပဲ မြင်ဖူးတယ်။ နယ်ဘက်မှာပဲ ရတာများတယ်လို့ ထင်ပါတယ်။

 

 

 

 

စမူဆာ မစားဖူးဘူး။ လမ်းမှာ ရောင်းနေတာတော့တွေ့တယ် ဒါပေမယ့် မဝယ်စားဖြစ်ဘူး။

 

 

 

 

မစားဖူးတာကတော့ ငှက်ပျောသီးမုန့်။ ငှက်ပျောသီးမုန့်ကို ကျွန်တော် စားဖူးချင်တယ်။ ဒါပေမယ့် ကျွန်တော် ဘယ်မှာသွားရှာရမှန်းမသိဘူး။   ဈေးထဲမှာကလည်း အဲဒါမျိုးတွေက မရောင်းဘူးလေ။

 

 

 

မစားဖူးတဲ့ မုန့်ထဲကဆိုရင်တော့ မုန့်သိုင်းခြုံမစားဖူးပါဘူး။ ပြီးတော့ အဲဒီမုန့်ကို သိလည်းမသိပါဘူး။

 

 

 

 

ကျွန်တော် တစ်ခါမှ မစားဖူးတဲ့မုန့်ကတော့ မုန့်လေပွေဖြစ်ပါတယ်။ အဲဒီမုန့် နာမည်ကိုတော့ မြင်ဖူးပါတယ်။ ပွဲဈေးတွေသွားတဲ့အခါ ရပ်ကွက်မုန့်တန်းလေးတွေမှာတော့ ဆိုင်တွေမှာ ရေးထားတာတော့ တွေ့ဖူးပါတယ်။ တစ်ခါမှတော့ မဝယ်စားဖြစ်ပါဘူး။ မုန့်အမျိုးအစားကိုလည်း မမြင်ဖူးပါဘူး။

 

 

 

ကျွန်မ မစားဖူးတာကတော့ ဆီထမင်းပါ။ ဆီထမင်းကို အိမ်မှာလည်း အမြဲတမ်းလုပ်စားကြတယ်။ ဒါပေမယ့် အဲဒီမုန့်ုကို မစားချင်ဘူး။

 

 

 

 

ကျွန်တော်မစားဖူးတဲ့ မြန်မာမုန့်တွေကတော့ မုန့်လေပွေပါ။ ကျွန်တော် ဘာလို့မစားဖူးတာလဲဆိုတော့ ကျွန်တော်တို့ ကျောင်းသားတွေဆိုတာက ကျောင်းတက်နေရတယ်လေ။ အပြင်စာတွေ စားဖို့ကလည်း လက်ဖက်ရည်ဆိုင်တွေဘာတွေ သွားမထိုင်ဖြစ်ဘူး။ အပြင်စာတွေလည်း မစားဖူးဘူး။ အဲဒါကြောင့်မို့ ကျွန်တော် မုန့်လေပွေကို သိပ်ပြီးတော့ မနီးစပ်ဘူး။ အဲဒါကြောင့်မို့ မစားဖူးတာပါ။ ကြားတော့ကြားဖူးတယ်။ မစားဖူးပါဘူး။

 

 

ကျွန်မရဲ့သူငယ်ချင်းတွေကတော့ သူတို့မစားဖူးတဲ့ မြန်မာမုန့်တွေအကြောင်းကို အခုလိုပဲ ပြောပြခဲ့တာပါ။ YOPE သူငယ်ချင်းတို့ကလည်း သူငယ်ချင်းတို့ မစားဖူးတဲ့ မြန်မာမုန့်တွေရှိမယ်ဆိုရင် ကျွန်မတို့ရဲ့ YOPE Facebook နဲ့ YOPE Website တို့မှာ ဝင်ရောက်ပြီးတော့ Comment လေးတွေ ပေးခဲ့ကြပါဦး။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly