ဧရာဝတီ၊ ချင်းတွင်းနှင့် ရွှေကျင်မြစ်ရေတို့ အချို့မြို့များတွင် စိုးရိမ်ရေမှတ် အထက် ရောက်ရှိ

ဧရာဝတီ၊ ချင်းတွင်းနှင့် ရွှေကျင်မြစ်ရေတို့ အချို့မြို့များတွင် စိုးရိမ်ရေမှတ် အထက် ရောက်ရှိ

သြဂုတ် ၁ ရက်အတွက် ဧရာဝတီ၊ ချင်းတွင်းနှင့် ရွှေကျင် မြစ်ရေ အခြေအနေတို့နှင့် ပတ်သက်ပြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းများ ထုတ်ပြန်ထားပြီး အောက်ဖော်ပြပါ မြို့များတွင် စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေပြီ ဖြစ်သည်။

ညောင်ဦးမြို့

ဧရာဝတီမြစ်ရေသည် ညောင်ဦးမြို့တွင် (၁.၈.၂၀၁၅) ရက်နေ့ (၀၁း၃၀) နာရီ မှစ၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန် တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၂၉) စင်တီမီတာ (၁-ပေခန့်)ကျော်လွန်နေပါသည်။ အဆိုပါ မြစ်ရေသည် နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက် တည်ရှိနိုင်ပါသည်။

မင်းဘူးမြို့

ဧရာဝတီမြစ်ရေသည် မင်းဘူးမြို့တွင် (၁.၈.၂၀၁၅) ရက်နေ့ (၁၀း၀၀) နာရီ မှစ၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန် တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၇) စင်တီမီတာ (၃-လက်မခန့်)ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေ သည် နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။

အောင်လံမြို့

ဧရာဝတီမြစ်ရေသည် အောင်လံမြို့တွင် (၁.၈.၂၀၁၅) ရက်နေ့ (၀၄း၃၀) နာရီ မှစ၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန် တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၂၁) စင်တီမီတာ ( ပေဝက်ခန့်)ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေ သည် နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက် တည်ရှိနိုင်ပါသည်။

ပြည်မြို့

ဧရာဝတီမြစ်ရေသည် ပြည်မြို့တွင် (၃၁.၇.၂၀၁၅) ရက်နေ့ (၂၃း၃၀) နာရီ မှစ၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန် တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၂၃) စင်တီမီတာ ( ၁-ပေခန့်)ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေ သည် နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက် တည်ရှိနိုင်ပါသည်။

ဆိပ်သာမြို့

ဧရာဝတီမြစ်ရေသည် ဆိပ်သာမြို့တွင် (၁.၈.၂၀၁၅) ရက်နေ့ (၀၆း၃၀) နာရီ မှစ၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန် တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၁၉) စင်တီမီတာ ( ပေဝက်ခန့်)ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေ သည် နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက် တည်ရှိနိုင်ပါသည်။

ဇလွန်မြို့

ဧရာဝတီမြစ်ရေသည် ဇလွန်မြို့တွင် (၁.၈.၂၀၁၅) ရက်နေ့ (၀၀း၃၀) နာရီ မှစ၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန် တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၂၀) စင်တီမီတာ (ပေဝက်ခန့်)ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေ သည် နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။

မော်လိုက်မြို့

ချင်းတွင်းမြစ်ရေသည် မော်လိုက်မြို့တွင် (၃၁.၇.၂၀၁၅) ရက်နေ့ (၂၃း၃၀) နာရီ မှစ၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန် တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၆၈) စင်တီမီတာ ( ၂-ပေခန့်)ကျော်လွန်နေပါသည်။ အဆိုပါ မြစ်ရေသည် နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက် တည်ရှိနိုင်ပါသည်။

မုံရွာမြို့

ချင်းတွင်းမြစ်ရေသည် မုံရွာမြို့တွင် (၃၀.၇.၂၀၁၅) ရက်နေ့ (၀၆း၃၀) နာရီ မှစ၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန် တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၇၄) စင်တီမီတာ ( ၂-ပေခွဲခန့်)ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေ သည် နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိ နိုင်ပါသည်။

ရွှေကျင်မြို့

ရွှေကျင်မြစ်ရေသည် ရွှေကျင်တွင် (၃၀.၇.၂၀၁၅) ရက်နေ့ (၁၁း၃၀) နာရီမှစ၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန် တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၄၈) စင်တီမီတာ(၁-ပေခွဲခန့်)ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် နောက် (၂)ရက်အတွင်းယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။

Source : မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly