ခန္တီးရတနာမြေ မကျန်ခမှော်တွင် ရေမဆေးကျောက်ရှာသူများ နှင့် ရဲတပ်ဖွဲ့ အပြန်အလှန်ပစ်ခတ်ကာ ၃ဦးသေဆုံး၊ ၄ဦးဒဏ်ရာရ

ခန္တီးရတနာမြေ မကျန်ခမှော်တွင် ရေမဆေးကျောက်ရှာသူများ နှင့် ရဲတပ်ဖွဲ့ အပြန်အလှန်ပစ်ခတ်ကာ ၃ဦးသေဆုံး၊ ၄ဦးဒဏ်ရာရ

မန္တလေး၊ မေ ၁၇ ။   ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးရတနာမြေဖြစ်သည့် မကျန်ခမှော်တွင် မေလ ၁၇ရက်၊ နံနက် ၁၀ နာရီခန့်က ရေမဆေးကျောက်ရှာဖွေသူများနှင့် လုံခြုံရေးယူထားသည့်တပ်ဖွဲ့ဝင်များ အမြန်အလှန်ပစ်ခတ်မှုဖြစ်ပွားရာ ရေမဆေးကျောက်ရှာဖွေသူ ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိထားသည်ဟု ဒေသခံ ကိုမျိုးတင့်ဆွေ မဇ္ဈိမကိုပြောသည်။

ယနေ့ နံနက်ပိုင်းတွင် ရေမဆေးကျောက်ရှာဖွေနေသူများက ဦးပိုင်လုပ်ကွက်ထဲ ဝင်ရောက်ရှာဖွေရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟုဆိုသည်။

"အတိအကျတော့ မပြောနိုင်သေးဘူး။ ကျွန်တော်သိတာတော့ ၃ ဦးသေတယ်။ ၄ ဦးဒဏ်ရာရတယ်လို့သိတယ်။ တစ်ချို့ကတော့ ၁၁ ဦး (ဒဏ်ရာ)ရတယ်ပြောတယ်။"ဟု ကိုမျိုးတင့်ဆွေကပြောသည်။

လက်ရှိအခြေအနေတွင် ဒဏ်ရာရရှိသူများကို ခန္တီးဆေးရုံသို့ပို့ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဖြစ်စဉ်အသေးစိတ်ကို သိရှိစေရန်အတွက် မဇ္ဈိမမှ ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးများနှင့်  ခရိုင်၊ မြို့နယ် ရဲတပ်ဖွဲ့မှူးများကို အကြိမ်ကြိမ်ဆက်သွယ်ရန် ကြိုးစာခဲ့သော်လည်း မရရှိခဲ့သည့်အတွက် ၎င်းတို့၏ အတည်ပြုချက် မရခဲ့ပေ။

လက်ရှိရရှိသော အချက်အလက်များသည် ဒေသခံများ၏ ပြောကြားချက်များသာဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်ရရှိပါက ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly