မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှု လုံခြံုရေးကောင်စီ ပြစ်တင်ရှုတ်ချ၊ အရေးယူပိတ်ဆို့မှု ထပ်လုပ်မည်

မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှု လုံခြံုရေးကောင်စီ ပြစ်တင်ရှုတ်ချ၊ အရေးယူပိတ်ဆို့မှု ထပ်လုပ်မည်

မတ် ၁၆ ။                   ။ မြောက်ကိုရီးယားတို့ လုပ်ဆောင်ခဲ့တဲ့ ဒုံးကျည်စမ်းသပ်မှုအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မတ်လ ၁၅ ရက်က တစ်ခဲနက် ပြစ်တင်ရှုတ်ချလိုက်ပြီး ယင်းနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်မံလုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်သွားပါတယ်။

အလားတူ ပြုံယမ်းအစိုးရအနေနဲ့ နောက်ထပ် နျူကလီးယားနဲ့ ပဲ့ထိန်းဒုံး စမ်းသပ်မှုတွေထပ်မလုပ်တော့ဖို့ကိုလည်း ကောင်စီအဖွဲ့ဝင်တွေက တောင်းဆိုခဲ့တာကြောင့် နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ မလုပ်ခင် ယင်းနိုင်ငံအပေါ် နောက်ဆုံးသတိပေးလိုက်တာလို့လည်း ယူဆရပါတယ်။

ဒေသတွင်း တင်းမာမှုတွေ မြင့်တက်နေတဲ့ကြားကမှ မြောက်ကိုရီးယားတို့ကတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကပဲ အမျိုးအစားသစ် ဒုံးကျည်တစ်မျိုးစမ်းသပ်ခဲ့ပြီး ယင်းစမ်းသပ်ခဲ့တဲ့ ဒုံးကျည်ဟာ နျူကလီးယားထိပ်ဖူး တပ်ဆင်သယ်ဆောင်နိုင်တဲ့ အမျိုးအစားဖြစ်တယ်လို့လည်း နောက်ပိုင်းမှာ ထုတ်ဖော်သွားခဲ့ပါတယ်။

အလားတူ ယခုနောက်ဆုံးစမ်းသပ်ခဲ့တဲ့ ဒုံးကျည်အမျိုးအစားဟာ မြောက်ကိုရီးယားတို့ စမ်းသပ်ခဲ့သမျှ ဒုံးအမျိုးအစားတွေထဲမှာ အကွာအဝေးအများဆုံး ရောက်ရှိခဲ့သည်ဟု ယူဆရပြီး ယင်းမှာ အမေရိကန်ဆီထိတောင် ရောက်နိုင်စွမ်းရှိပုံရကြောင်း လေ့လာသူတွေက သုံးသပ်ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly