ဒေါ်လာ သုံးသိန်းနီးပါးတန်ဖိုးရှိ မှောင်ခိုတင်သွင်းလာသော လိပ်အကောင်ရေ ၃၃၀ မလေးရှား ဖမ်းမိ

ဒေါ်လာ သုံးသိန်းနီးပါးတန်ဖိုးရှိ မှောင်ခိုတင်သွင်းလာသော လိပ်အကောင်ရေ ၃၃၀ မလေးရှား ဖမ်းမိ

မတ်လ ၁၆ ။             ။ နိုင်ငံထဲကို တရားမဝင် မှောင်ခိုတင်သွင်းလာတဲ့ ရှားပါးလိပ်အကောင်ရေ ၃၃၀ ကို ကွာလာလမ်ပူ နိုင်ငံတကာလေဆိပ်မှာ ဖမ်းမိခဲ့တယ်လို့ မလေးရှား အကောက်ခွန်အရာရှိတွေက   ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၄ ရက်က ဖမ်းဆီးရမိခဲ့တဲ့ ယင်းလိပ်တွေကို မာဒါဂါစကာ နိုင်ငံကနေ မလေးရှားနိုင်ငံတွင်းကို မှောင်ခိုသွင်းဖို့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ယင်းလိပ်တွေရဲ့ တန်ဖိုးကတော့ ဒေါ်လာ ၂၇၇,၀၀၀ (ရင်းဂစ် ၁ ဒသမ ၂ သန်း) လောက်ရှိနိုင်တယ်လို့ သိရပါတယ်။

အိန္ဒိယကြယ်လိပ်အများစု ပါဝင်တဲ့ အဆိုပါ လိပ်တွေကိုတော့ မာဒါဂါစကားနိုင်ငံ လေဆိပ်တစ်ခုကနေ နိုင်ငံဆီကို တင်ပို့လိုက်တာဖြစ်တယ်လို့လည်း သိရပါတယ်။

ကျောက်တွေလို့ တံဆိပ်ကပ်ထားတဲ့ သေတ္တာငါးလုံးထဲကနေ ယင်းလိပ်တွေကို သိမ်းဆည်းရမိခဲ့တာဖြစ်ပြီး ကုန်သေတ္တာပေးပို့ရမယ့်လိပ်စာကတော့ လိပ်စာအတုတစ်ခုသာ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

" ဒီမှောင်ခိုမှုက တော်တော်လေးကြီးပါတယ်၊ ဒီလိပ်တွေကို ပြည်ပကို ပြန်တင်ပို့ဖို့အတွက် ဒီကို ဝင်လာတာဖြစ်နိုင်ပါတယ်၊ စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေပါတယ်" လို့ မလေးရှား အကောက်ခွန်အရာရှိတစ်ဦးက ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly