ပြင်သစ်လိဂ် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ပီအက်စ်ဂျီတိုက်စစ်မှူး ကာဗာနီရရှိ

ပြင်သစ်လိဂ် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ပီအက်စ်ဂျီတိုက်စစ်မှူး ကာဗာနီရရှိ

မေ ၁၆၊ ပြင်သစ် ။                     ။ ပြင်သစ်လိဂ်တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ပီအက်စ်ဂျီတိုက်စစ်မှူး ကာဗာနီက ဆွတ်ခူးရရှိသွားခဲ့သည်။

အသက် ၃၀ အရွယ်ရှိကာဗာနီသည် ယခုနှစ်တွင် ပီအက်စ်ဂျီအသင်းအတွက် လိဂ်သွင်းဂိုး ၃၅ ဂိုးအထိသွင်းယူပြီး ခြေစွမ်းပြနိုင် သည့်အတွက် ဆုရရှိခဲ့ခြင်းဖြစ်သည်။

မိုနာကိုအသင်း၏လူငယ်တိုက်စစ်ကစားသမား အမ်ဘတ်ပီမှာ တစ်နှစ်တာလူငယ်အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့သည်။ အမ်ဘတ်ပီသည် အသက် ၁၈ နှစ်သာရှိသေးသော်လည်း ယခုနှစ်တွင် ခြေစွမ်းပြကစားခဲ့ပြီး လိဂ်သွင်းဂိုး ၁၅ ဂိုးအထိသွင်းယူပေး ခဲ့သည်။

မိုနာကိုအသင်းသည် လိုင်လီအသင်းကို ၄-၀ ဂိုးဖြင့်အနိုင်ရခဲ့သည့်အတွက် ပီအက်စ်ဂျီနှင့်ရမှတ်တူနေသော်လည်း တစ်ပွဲလျော့ကစားထားသည့်အပြင် ဂိုးကွာခြားချက်ပါအသာရနေသည့်အတွက် ပြင်သစ်လိဂ်ဖလားကို ရရှိရန်သေချာသွားပြီ ဖြစ်သည်။ မိုနာကိုအသင်းကို ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့်အတွက် နည်းပြဂျာဒင်မှာ အကောင်းဆုံးနည်းပြဆုကို ရရှိခဲ့သည်။ မိုနာကိုဂိုးသမား ဆူဘာဆစ်မှာလည်း အကောင်းဆုံးဂိုးသမားဆုကို ရရှိခဲ့သည်။

မိုနာကိုအသင်း၏အောင်မြင်မှုကြောင့် ဆူဘာဆစ်၊ ဆီဒီဘီ၊ ဂျီလစ်၊ မန်ဒီ၊ ဘာနာဒိုဆေးလ်ဗားနှင့် အမ်ဘတ်ပီတို့မှာ အကောင်းဆုံး ၁၁ ဦးစာရင်းတွင် ပါဝင်ခဲ့ကြသည်။

ချယ်လ်ဆီးအသင်းနှင့်အတူ ပရီးမီးယားလိဂ်ဖလားရယူနိုင်ခဲ့သည့် ကန်တီမှာ အခြားဥရောပလိဂ်များမှ အကောင်းဆုံးပြင်သစ်ကစားသမားဆုကို ရရှိခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly