ပွင့်ဖြူ သံဘို ကျေးရွာတွင် ရေတက်နေသော်လည်း လူဦးရေ ၄၀ ခန့် ဘေးလွတ်ရာ မရောက်သေး

ပွင့်ဖြူ သံဘို ကျေးရွာတွင် ရေတက်နေသော်လည်း လူဦးရေ ၄၀ ခန့် ဘေးလွတ်ရာ မရောက်သေး

မကွေးတိုင်း ဒေသကြီး ၊ ပွင့်ဖြူ မြို့နယ် ၊ သံဘို ကျေးရွာတွင် သြဂုတ် ၁ ရက် နံနက် အထိ ရေ နက် ၇ ပေခန့်အထိ ရှိနေ ကြောင်းနှင့် ကျေးရွာအတွင်း လူဦးရေ ၄၀ ခန့်အထိ လက်ရှိ အချိန်အထိဘေးလွတ်ရာ သို့ မပြောင်းရွှေ့ရသေးကြောင်း ယင်းကျေး ရွာမှ ကိုအောင်ကျော်မိုးကပြောသည်။

သံဘို ကျေးရွာ တွင် တိရစ္ဆာန်များကို အခြား ကျေးရွာ ရှိ ဆွေမျိုးများထံတွင် ရေမဝင်ခင်ကတည်း ကပြောင်းရွှေ့မှု ရှိခဲ့ ပြီး လူ များ ပျောက်ဆုံးမှု မရှိကြောင်း ကို အောင် ကျော်မိုးက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly