ပြင်သစ်လိဂ်-၁ ဖလားကို အမ်မရီလက်လျှော့လိုက်ပြီး မိုနာကိုအသင်းအား ဂုဏ်ပြုစကားဆို

ပြင်သစ်လိဂ်-၁ ဖလားကို အမ်မရီလက်လျှော့လိုက်ပြီး မိုနာကိုအသင်းအား ဂုဏ်ပြုစကားဆို

မေ ၁၅၊ ပဲရစ်။                ။ ပီအက်စ်ဂျီအသင်းအနေဖြင့် သင်္ချာနည်းအရ ချန်ပီယံမျှော်လင့်ခွင့်ရှိနေသေးသော်လည်း နည်းပြအူနိုင်းအမ်မရီက လက်လျှော့လိုက်ပြီး မိုနာကိုအသင်းအား ဂုဏ်ပြုစကား ဆိုခဲ့သည်။

လက်ရှိတွင် ၃၇ ပွဲကစားထားပြီးဖြစ်သည့် ပီအက်စ်ဂျီအသင်းသည် ၃၆ ပွဲသာကစားထားရသေးသည့် မိုနာကိုအသင်းထက် သုံးမှတ်လျော့နေသည်။

မိုနာကိုအသင်းအနေဖြင့် နောက်ဆုံးနှစ်ပွဲမှ ရမှတ်တစ်မှတ်သာလိုအပ်ပြီး နှစ်ပွဲစလုံးရှုံးခဲ့လျှင်ပင် များပြားလွန်းသော ဂိုးကွာခြား ချက်က အားသာချက်အဖြစ်ရှိနေသည်။

ပီအက်စ်ဂျီအသင်း၏ လေးနှစ်ကြာလွှမ်းမိုးမှုအဆုံးသတ်သွားပြီဟု အမ်မရီကလက်ခံခဲ့ပြီး လာမည့်ရာသီတွင်တိုးတက်အောင် လုပ်ဆောင်ရန် ဆုံးဖြတ်ထားသည်။

“မိုနာကိုအသင်းအတွက် ခမ်းနားတဲ့ရာသီတစ်ခုဖြစ်ခဲ့ပါတယ်။ သင်္ချာနည်းအရ သူတို့မရသေးဘူးဆိုပေမယ့်လည်း သူတို့ရဲ့ ခမ်းနားတဲ့စွမ်းဆောင်မှုအတွက် ကျွန်တော် ဂုဏ်ပြုပါတယ်။ အခုလိုဆုဖလားအတွက်ပြိုင်ဆိုင်မှုဟာ ပြင်သစ်ဘောလုံးလောက အတွက်ကောင်းပါတယ်”ဟု အမ်မရီက ပြောသည်။

ရမှတ် ၈၉ မှတ်ရထားသည့် မိုနာကိုအသင်းသည် ဂိုးကွာခြားချက် ၇၃ ဂိုးထိရှိပြီး ၈၆ မှတ်ရထားသည့် ပီအက်စ်ဂျီအသင်းမှာ ဂိုးကွာခြားချက် ၅၆ ဂိုးရှိသည်။

Ref; goal.com

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags