လူမှုမီဒီယာတွင် လိင်တူချစ်ခြင်းပြ စတစ်ကာများ တင်ခြင်းကို ရုရှတားမြစ်သွားမည်

လူမှုမီဒီယာတွင် လိင်တူချစ်ခြင်းပြ စတစ်ကာများ တင်ခြင်းကို ရုရှတားမြစ်သွားမည်

ရုရှနိုင်ငံတွင် လူမှုမီဒီယာ ဖေ့ဘုတ်၊ တွစ်တာ သုံးစွဲသူများက လိင်တူချစ်ခြင်းပြ စတစ်ကာများ တင်ခြင်းမျိုးကို တားမြစ်သွားဖွယ်ရှိသည်။ လိင်တူဆက်ဆံခြင်း ချိုးဖောက်မှုများအပေါ် မီဒီယာစောင့်ကြည့်ရေး စည်းမျဉ်းများအရ ယင်းသို့ တားမြစ်သွားမည်ဖြစ်သည်။

ယခုကဲ့သို့ ဖေ့ဘုတ်ပေါ်တွင် လိင်တူချစ်ခြင်းပြ စတစ်ကာများတင်ခြင်းကို စောင့်ကြည့်စုံစမ်းသွားရန်အတွက် ရုရှလွှတ်တော်အမတ် မီခဟေးမာချန်ကိုက အဆိုတင်ခဲ့ရာမှ စတင်ခြင်းဖြစ်ကြောင်း ရုရှသတင်း စာ အီဇဗီစတီယာတွင် ဖော်ပြသည်။

လိင်တူစုံတွဲ နှစ်ဦး၏ ပြုံးရွှင်ယှဉ်တွဲရှိနေသည့် စတစ်ကာများက သဘာဝမဟုတ်သောလိင်ဆက်ဆံခြင်းများစေ့ဆော်ခြင်းကို တားမြစ်သည့် အငြင်းပွားဖွယ် ၂၀၁၃ ဥပဒေကို ချိုးဖောက်သည့် လုပ်ရပ်ဖြစ်ကြောင်း မာချန်ကိုက ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ၂၀၁၃ ဥပဒေအရ လိင်တူဆက်ဆံမှုကို လှုံ့ဆော်သည်ဟု ယူမှတ်ရသည့် ဝက်ဘ်ဆိုက်များကို အာဏာပိုင်များအနေဖြင့် တားမြစ်ပိတ်ပင်သွားခွင့်ရှိထားသည်။

လိင်တူချစ်ခြင်းပြ စတစ်ကာများက သဘာဝသွေဖည်လိင်ဆက်ဆံမှုများကို လှုံ့ဆော်ခြင်းဖြစ်ပြီး မိသားစုတန်ဖိုးဆုတ်ယုတ်စေခြင်းနှင့် မိဘနှင့် မိသားစုများအတွက် အရိုသေတန်စေခြင်းများကို ပြသလျက်ရှိ သည်ဟူ၍ မာချန်ကိုက ပြောကြားခဲ့ခြင်းဖြစ်သည်။

မာချန်ကိုတင်သည့် အဆိုကြောင့် မီဒီယာစောင့်ကြည့်ရေးအဖွဲ့ ရိုစကိုမနာဒဇာ က သမ္မတ ဗလာဒီမာပူတင် နိုင်ငံရေးပါတီ လူငယ်အဖွဲ့ဖြစ်သည့် Young Guard ကို တာဝန်ပေးခဲ့သည်။

Young Guard မှ ပြောရေးဆိုခွင့်ရှိသူ ကီရေးဂရင်ချန်ကိုက မည်သည့်တောင်းဆိုချက်မှ မရောက်လာသေးကြောင်း၊ သို့သော်လည်း ရုရှဥပဒေအရ အင်တာနက်တွင် ကာကွယ်တားဆီးရေး လုပ်ငန်းများ အတွက် အသင့်ရှိနေကြောင်း ပြောခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly