မြောက်ကိုရီးယားအရေး တင်းမာလာမှုနှင့် ပတ်သက်၍ တရုတ်နှင့်ရုရှားတို့စိုးရိမ်

မြောက်ကိုရီးယားအရေး တင်းမာလာမှုနှင့် ပတ်သက်၍ တရုတ်နှင့်ရုရှားတို့စိုးရိမ်

 ဘေကျင်း (တရုတ်) မေ ၁၄ ။            ။ မြောက်ကိုရီးယားနိုင်ငံမှ တနင်္ဂနွေနေ့တွင် ပစ်လွှတ်ခဲ့သော ဒုံးကျည်စမ်းသပ်မှုကြောင့် ကိုရီးယားကျွန်းဆွယ်၌ တင်းမာမှုများမြင့်တက်လာခြင်းအပေါ် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တရုတ်သမ္မတရှီကျင်းပင်တို့က စိုးရိမ် နေကြကြောင်း ပူတင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောခဲ့သည်။

ဘေကျင်းတွင် လက်ရှိကျင်းပနေသော နိုင်ငံတကာဆွေးနွေးပွဲ၏ တစိတ်တဒေသအဖြစ် ပူတင်နှင့် ရှီတို့သည် ကိုရီးယားကျွန်းဆွယ်၏ အခြေအနေနှင့် ပတ်သက်၍ အသေးစိတ်ဆွေးနွေးခဲ့ကြကာ   မြင့်တက်လာသော တင်းမာ မှုများအပေါ် သူတို့နှစ်ဦးစလုံး စိုးရိမ်ကြပုံကို ထုတ်ဖော်ပြောကြားခဲ့ကြောင်း ရုရှားအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိ သူ ဒီမီထရီပတ်စ်ကော့ဗ်က သတင်းထောက်များအား ပြောခဲ့သည်။

တရုတ်အစိုးရသတင်းဌာန ရှင်ဟွာ၏ အဆိုအရ အစည်းအဝေးပြုလုပ်စဉ် အတောအတွင်း၌ “မော်စကိုနှင့် ဘေဂျင်းတို့ဟာ ဒေသတွင်းနှင့် တစ်ကမ္ဘာလုံးရဲ့ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့အတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါတယ်” ဟု ရှီက ပြောခဲ့ကြောင်း သိရသည်။ ရှင်ဟွာသတင်းစာသည် အခြားမှတ်ချက်ချ ပြောဆိုချက်များကို ထုတ်ပြန်ခဲ့ခြင်း မရှိကြောင်းလည်း သိရသည်။

အာဖရိက၊ ဥရောပနှင့် အာရှအိမ်နီးချင်းနိုင်ငံများကို တရုတ်နိုင်ငံနှင့် ဆက်သွယ်၍ ကမ္ဘာ့ကုန်သွယ်ရေး အခြေခံ အဆောက်အအုံ ပရောဂျက်တစ်ခုကို တည်ဆောက်မည့် One Belt, One Road ထိပ်သီးစည်းဝေးပွဲ၏ ဖွင့်ပွဲ အခမ်းအနားအပြီးတွင် တရုတ်သမ္မတရှီကျင်းပင်နှင့် ရုရှားသမ္မတပူတင်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags