တရုတ်သို့ သဘာဝဓာတ်ငွေ့တင်ပို့မှု လက်ရှိအချိန်အထိ ရပ်ဆိုင်း ထားဆဲဟုဆို

တရုတ်သို့ သဘာဝဓာတ်ငွေ့တင်ပို့မှု လက်ရှိအချိန်အထိ ရပ်ဆိုင်း ထားဆဲဟုဆို

ပြည်တွင်းသုံးစွဲရန်အတွက်သာ ဦးစားပေးရယူဖြန့်ဖြူးပေးခဲ့ခြင်းကြောင့် တရုတ်သို့ သဘာဝဓာတ်ငွေ့တင်ပို့မှု လက်ရှိအချိန်အထိ ရပ်ဆိုင်း ထားဆဲဟု ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြချက်အရ သိရသည်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူပူးပေါင်းဆောင်ရွက် လျက်ရှိသော ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းများမှ သဘာဝဓာတ်ငွေ့များကို ပြည်တွင်းသုံးအတွက် ရယူသုံးစွဲလျက်ရှိရာ ပြည်တွင်းသုံးအဖြစ် တစ်နေ့လျှင် ကုဗပေသန်း ၁ဝဝ နှုန်းခန့် သဘာဝဓာတ်ငွေ့ ရယူသုံးစွဲလျက်ရှိကြောင်း သိရသည်။

အဆိုပါစီမံကိန်းများအနက် သက်တမ်းလေးနှစ်ရှိပြီဖြစ်သော ကမ်းလွန်ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း၏ ရွှေပလက်ဖောင်းပေါ်၌ ဧပြီ ၁၆ ရက်က Electrical Technical Room ရှိ Emergency Power Bus Bar-B လောင်ကျွမ်းမှုကြောင့် Power Loss ဖြစ်ကာ Emergency Shutdown ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ပလက်ဖောင်းမှ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုနှင့် ပို့လွှတ်မှုများရပ်ဆိုင်းခဲ့ရသော်လည်း အချိန်မီပြန်လည်ပြုပြင်စစ်ဆေးခဲ့၍ ပြည်တွင်းသို့ သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၁ဝဝ နှုန်း ဆက်လက်ဖြန့်ဖြူးပေး ပို့ခဲ့သည်ဟုဆိုသည်။

ယင်းအပြင် ဧပြီ ၁၈ရက်မှ စတင်ပြီး တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ တင်ပို့မှုရပ်ဆိုင်းထားခဲ့သည်ဟုဆိုသည်။

"တဖြည်းဖြည်းနဲ့ ဓာတ်ငွေ့တအားနည်းလာတဲ့အတွက်ကြောင့် ဆက်လက်သုံးစွဲဖို့ အခက်အခဲတွေဖြစ်လာတဲ့အခါ ဧပြီ ၁၈ ရက်မှာတော့ သန်း ၅ဝ ကနေ ၂၅ သန်းသာသုံးစွဲခဲ့ပါတယ်။ ဒါပေမယ့် မေ ၂ ရက်မှာတော့ လိုင်းပြန်မရှိတော့ တဲ့အတွက် ဓာတ်ငွေ့သုံးစွဲမှုကို ရပ်ဆိုင်းခဲ့ရ ပါတယ်။ အဲဒီအတွက် အမြန်ဆုံးပြန်လည်ထုတ်ယူသုံးစွဲနိုင်ဖို့လည်း ပြုပြင်ဆောင်ရွက်လျက်ရှိပါတယ်'' ဟု မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးသန်းစိန်က နိုင်ငံပိုင်သတင်းစာသို့ ပြောကြားထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly