လူငယ်များ နှင့် အမျိုးသမီးများ အနေဖြင့် မဲစာရင်းများကို စစ်ဆေးကြရန် အန်ဂျလီနာဂျိုလီပစ်(ထ်) [Angelina Jolie Pitt] က တိုက်တွန်း

လူငယ်များ နှင့် အမျိုးသမီးများ အနေဖြင့် မဲစာရင်းများကို စစ်ဆေးကြရန် အန်ဂျလီနာဂျိုလီပစ်(ထ်) [Angelina Jolie Pitt] က တိုက်တွန်း
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကချင်ဒုက္ခသည်များ နှင့် သွားရောက်တွေကဆုံပြီးနောက် ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာသည့် UNHCR ၏ အထူး သံတမန် ကမ္ဘာကျော် မင်းသမီး အင်ဂျလီနာဂျိုလီကို ဇူလိုင် ၃၁ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ- Aviation Police)

၃၁ ဇူလိုင်၊ ၂၀၁၅ ။      ။ အကျဉ်းချုပ် - အန်ဂျလီနာဂျိုလီပစ်(ထ်) သည် မဲဆန္ဒရှင် ပညာပေး အစီအစဉ်ကို သွားရောက် လေ့လာခဲ့သည်။ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ မတိုင်မီကာလတွင် အမျိုးသမီးများ နှင့် လူငယ်များ အနေဖြင့် မဲစာရင်းများကို စစ်ဆေးကြရန်လည်း သူက တိုက်တွန်းခဲ့သည်။
 
လိင်အကြမ်းဖက်မှှု တားဆီးကာကွယ်ရေး (Preventing Sexual Violence Initiative – PSVI) ကို တွဲဖက်တည်ထောင်ခဲ့သူ မစ္စအန်ဂျလီနာဂျိုလီပစ်(ထ်) သည် ရန်ကုန်ခရီးစဉ်၏ အစိတ်အပိုင်းတစ်ရပ် အနေဖြင့်၊ “She Leads” မဲဆန္ဒရှင် ပညာပေး အစီအစဉ်တွင် ပါဝင်သူများနှင့် ယနေ့ တွေ့ဆုံခဲ့သည်။

သူသည် မဲစာရင်းအား အွန်လိုင်းမှ စစ်ဆေးပုံကို ကိုယ်တိုင် ကြည့်ရှှုလေ့လာခဲ့ကာ၊ ပြည်သူများအနေဖြင့် မဲစာရင်းတွင် ၎င်းတို့၏ နာမည်များ ပါမပါ စစ်ဆေးကြရန် အားပေးတိုက်တွန်းလျက်ရှိသည့် “She Leads” အဖွဲ့ဝင်များ၏ လုပ်ငန်းများ အရေးပါလှကြောင်းလည်း သူက ပြောခဲ့သည်။
 မစ္စဂျိုလီပစ်(ထ်) ၏ ပြောစကား
 
“နိုဝင်ဘာရွေးကောက်ပွဲဟာ ဒီနိုင်ငံအတွက်အလွန်ကို အရေးကြီးလှတဲ့ အခိုက်အတန့်တစ်ခုပါ။ ပထမဆုံးအကြိမ်မဲပေးကြဖို့ ပြင်ဆင်နေကြတဲ့တက်ကြွတဲ့ အမျိုးသမီးငယ်တွေနဲ့ ကျွန်မ ဒီနေ့တွေ့ ခဲ့ပါတယ်။ သူတို့ဟာ မဲပေးရေးလုပ်ငန်းစဉ်နဲ့ ပတ်သတ်ပြီး ကိုယ်တိုင်ကိုယ်ကျ လေ့လာထားကြပြီး၊ ခုလို အရေးကြီးလှတဲ့ အချိန်မှာ သူတို့ရဲ့ ဗဟုသုတတွေကို တခြားသူတွေနဲ့ မျှဝေကြဖို့လည်း စိတ်အားထက်သန် ကြပါတယ်။ သူတို့ကို နမူနာ ယူကြဖို့ အားလုံးကို ကျွန်မ တိုက်တွန်းလိုပါတယ်။ လူတိုင်းလူတိုင်း၊ အထူးသဖြင့် အမျိုးသမီးတွေ နဲ့ လူငယ်တွေဟာ မိဘတွေနဲ့ မိသားစုဝင်တွေကိုယ်စား မဲစာရင်းတွေကို စစ်ဆေးကြဖို့ ကျွန်မ တိုက်တွန်းချင်ပါတယ်။ တကယ်လို့ မဲစာရင်းတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး မစစ်ဆေးနိုင်ဘူးဆိုရင် အွန်လိုင်း https://checkvoterlist.uecmyanmar.org/ ကနေ ဘယ်လို စစ်ဆေးနိုင်တယ် ဆိုတာကို ဒီနေ့ ကျွန်မ လေ့လာခဲ့ပါတယ်။

ဗြိတိသျှ သံအမတ်ကြီး၏ ပြောစကား

She Leads အစီအစဉ်လိုမျိုး မဲဆန္ဒရှင် ပညာပေး လှှုပ်ရှားမှှုတွေကို ယူကေ အစိုးရဟာ DFID ကနေ တစ်ဆင့် ကူညီပံ့ပိုးနိုင်တဲ့အတွက် ကျွန်တော် ဝမ်းသာပါတယ်။ ဒီမိုကရေစီ လုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေ ပါဝင်ဖို့လည်း အရေးကြီးပါတယ်။ မဲစာရင်းမှာ နာမည်ပါမပါနဲ့ အသေးစိတ်အချက်အလက်တွေ မှန်မမှန် စစ်ဆေးကြဖို့ လူတိုင်းကို ကျွန်တော် တိုက်တွန်းအပ်ပါတယ်။ ဒါဆိုရင် နိုဝင်ဘာ ၈ ရက်နေ့မှာ မဲပေးနိုင်ကြမှာပါ။

“She Leads” အစီအစဉ်၏ နောက်ခံ အချက်အလက်များ

ရွေးကောက်ပွဲစနစ်များအတွက်နိုင်ငံတကာဖောင်ဒေးရှင်း (IFES) ၏ အကူအညီဖြင့် ရောင်ခြည်သစ်က အကောင်အထည်ဖော်နေသော၊ “She Leads” အမျိုးသမီးခေါင်းဆောင်မှှု လေ့ကျင့်ရေး အစီအစဉ်သည်၊ နိုင်ငံရေး နှင့် မူဝါဒချမှတ်ရေး လုပ်ငန်းစဉ် အလွှာအားလုံးတွင် အမျိုးသမီးများ ခေါင်းဆောင်ပါဝင်မှှု ချို့တဲ့နေခြင်းကို ကူညီဖြေရှင်းနိုင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအတွင်းတွင် ဒီမိုကရေစီ နှင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များအား နားလည်သော အမျိုးသမီး အများအပြား ပေါ်ထွက်လာစေရန် ဤအစီအစဉ်က ရည်ရွယ်ခြင်းဖြစ်သည်။ ထို့ပြင်

၎င်းတို့၏ အသိုင်းအဝိုင်းများ နှင့် အဖွဲ့အစည်းများတွင် ခေါင်းဆောင် အခန်းကဏ္ဍကို ယုံကြည်မှှုရှိရှိ တာဝန်ယူနိုင်ကာ အခြား အမျိုးသမီးများအတွက်လည်း စံပြသဖွယ်ဖြစ်စေမည့် ခေါင်းဆောင်မှှု အရည်အသွေးများ ပျိုးထောင်ပေးရန်လည်း ရည်ရွယ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly