မင်္ဂလာတောင်ညွန့်ဖြစ်စဉ်မှ ဦးဆောင်လှုံ့ဆော်သူအဖြစ် ယူဆရသူနှစ်ဦးကို ရုံးထုတ်

မင်္ဂလာတောင်ညွန့်ဖြစ်စဉ်မှ ဦးဆောင်လှုံ့ဆော်သူအဖြစ် ယူဆရသူနှစ်ဦးကို ရုံးထုတ်

ရန်ကုန် မေ ၁၂ ။          ။ မင်္ဂလာတောင်ညွန့်ဖြစ်စဉ်တွင် ဦးဆောင်လှုံ့ဆော်သူအဖြစ် ရဲတပ်ဖွဲ့က ယူဆထားသည့် ကိုလတ်နှင့် ဇနီးဖြစ်သူ မအောင်မြင့်တို့ကို ယနေ့ ညနေ ၄နာရီက မင်္ဂလာတောင်ညွန့်တရားရုံးတွင်  ပထမအကြိမ် အဖြစ် ရုံးထုတ်ခဲ့သည်။

၎င်းတို့ကို မေလ ၁၁ ရက်နေ့၊ညနေ ၅ နာရီခွဲခန့်တွင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့က မြေပဒေသာကျွန်းနားတွင်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ရုံးထုတ်ချိန် တရားရုံးတွင် လုံခြုံရေးတင်းကြပ်ထားသည်ကို တွေ့ရှိရသည်။ ခိုးဝင်ဘင်္ဂလီ ဖမ်းဆီးရှာဖွေခြင်းဆိုင်ရာခေါင်းစဉ်ဖြင့် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ အပြန်တွင် အဖမ်းဆီးခံရခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ မေလ ၉ ရက်နေ့ညက မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြယာကုန်းလမ်းအနီး တိုက်ခန်းတစ်ခုတွင် ခိုးဝင်ဘင်္ဂါလီများရှိနေသည် ဟု ဆိုကာ ဆိုပြီး အမျိုးသားရေးအင်အားစုများနှင့်အတူ သွားရောက်ရှာဖွေခဲ့ကြသည်။ သွားရောက်ရှာဖွေခဲ့ပြီး ပြန်ဆင်းလာစဉ်  ရပ်ကွက်ခံတစ်ဦးအား  ရိုက်နှက်မှု ဖြစ်ပွားခဲ့သဖြင့် ရပ်ကွက်ခံများနှင့်အမျိုးသားရေးအင်အားစုဆိုသူများ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြခြင်း ဖြစ်ကာ ရဲတပ်ဖွဲ့က သေနတ် ၂ ချက် ပစ်ဖောက်ခဲ့ရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး လူ့အဖွဲ့အစည်းအတွင်း တစ်ဖက်နှင့် တစ်ဖက် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ (ဂ) ဖြင့် ရဟန်း ၂ပါးအပါအဝင် လူ ၅ ဦးကို သက်ဆိုင်ရာရဲစခန်းက အမှုဖွင့်ကာ ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly