ဧရာဝတီမြစ်ရေတိုး မကွေးတိုင်း အောင်လံမြို့နှင့် အနီးတစ်ဝိုက် အခြေအနေ

ဧရာဝတီမြစ်ရေတိုး မကွေးတိုင်း အောင်လံမြို့နှင့် အနီးတစ်ဝိုက် အခြေအနေ

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့တွင် ဧရာဝတီမြစ်ရေ တိုးလာသဖြင့် ဇူလိုင်လ ၃၁ ရက်နေ့ မှစတင်၍ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မကျီးကုန်းရပ်ကွက်၊ သရက်တောရပ်ကွက်အပါအဝင် ပြလို့ကျေးရွာ၊ နံဇူပင်ကျေးရွာနှင့်သရက်တောကျေးရွာတို့မှ ပြောင်းရွေ့နေထိုင်သော အိမ်ထောင်စု (၁၇၃) စု လူဦးရေ (၇၆၂) ဦး တို့အားလည်း နီးစပ်ရာ ဆွေမျိုးသားချင်း အိမ်များ ၊ ဓမ္မာရုံများ ၊ ဘုန်းကြီးကျောင်းများသို့ ပြောင်းရွေ့ပေးခဲ့ကြပြီး ထမင်းထုတ်များ ဝေငှနိုင်ရေး အတွက် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ သိန်းလွင်(ပြန်/ဆက်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly