အမေရိကန်သံရုံးဆန္ဒပြမှုအတွက် အာမခံ ပယ်ချခံရ

အမေရိကန်သံရုံးဆန္ဒပြမှုအတွက် အာမခံ ပယ်ချခံရ

ရန်ကုန်၊ မေလ ၁၂ ။           ။ အမေရိကန်သံရုံးကို ဆန္ဒပြခဲ့ကြတဲ့ အမျိုးသားရေးတက်ကြွ လှုပ်ရှားသူများရဲ့ အာမခံလျှောက်ထားမှုကို ကမာရွတ်တရားရုံးက ပယ်ချခဲ့ပြီး မေလ ၂၂ ရက်နေ့ကို ထပ်မံရုံးချိန်းခဲ့သည်။

" ကျွန်တော်တို့ကို ထောင်ချလို့ရိုဟင်ဂျာက ရှိလာမှာမဟုတ်ဘူး။ ဘဂါၤလီက ဘင်္ဂါလီပဲ။ ကာကွယ်ရေး ဦးစီးချုပ်လည်းပဲ တပ်မတော်နေ့က ရိုဟင်ဂျာမရှိဘူး ပြောခဲ့တယ်။ သူရော နိုင်ငံတော် အကြည်ညို ပျက်စေသလား " ဟု မြန်မာအမျိုးသားရေးကွန်ယက်ဥက္ကဋ္ဌ ဦးဝင်းကိုကိုလတ်က တရားရုံးအထွက်တွင် ပြောသည်။ 

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်အတွင်းက အမေရိကန်သံရုံးရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့မှုနှင့်ပတ်သတ်ပြီး တရားစွဲဆိုခံထားရတဲ့ သံဃာနှင့် လူ ၇ ယောက်အနက် ၄ဦးကို ကမာရွယ်မြို့နယ်တရားရုံးမှာ ယနေ့ မေလ ၁၂ရက်၊ မွန်းလွဲပိုင်းတွင် ရုံးထုတ်ခဲ့သည်။

မြန်မာအမျိုးသားရေးကွန်ယက်က ဦးဝင်းကိုကိုလတ်၊သမိုင်းသစ် မဂ္ဂဇင်းတာဝန်ခံ အယ်ဒီတာ ကိုနောင်တော်လေး၊မြန်မာ့အမျိုးသားရေးကွန်ယက်တွဲ/အတွင်းရေးမှူးနဲ့အမျိုးသားရေးတက်ကြွလှုပ်ရှားသူ ကိုသက်မျိုးဦးတို့အား ရုံးထုတ်ခဲ့ခြင်းဖြစ်သည်။

မကွေးကျောင်း ဆရာတော်ဦးပါမောက္ခ ၊ မျိုးချစ်ရဟန်းပျိုများသမဂ္ဂ(ရန်ကုန်)ဥက္ကဋ္ဌဆရာတော် ဦးဉာဏဓမ္မ၊ မျိုးချစ်ရဟန်းပျိုများသမဂ္ဂ(ရန်ကုန်)အတွင်းရေးမှူးဆရာတော် ဦးသုစိတ္တတို့ကတော့ ယနေ့ ရုံးထုတ်မှာ ခွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။

ပြီးခဲ့တဲ့နှစ်က အမေရိကန်သံရုံးက ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်စာတစ်စောင်မှာ ရိုဟင်ဂျာလို့ အသုံးအနှုန်းသုံးနှုန်းခဲ့တဲ့အပေါ် ဆန္ဒထုတ်ဖော် ဟောပြောပွဲလုပ်ခဲ့ကြရာမှ တရားစွဲဆိုခံရခြင်းခြင်းဖြစ်သည်။
ဆန္ဒထုတ်ဖော်မည့်ကိစ္စနှင့် ပတ်သတ်ပြီး ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့က ဟစ်တိုင်ကွင်းမှာပြုလုပ်ရန် ပြောခဲ့ပေမယ့် ကမာရွတ်မြို့နယ်အတွင်းမှာရှိ အမေရိကန်သံရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့သောကြောင့် ရဲတပ်ဖွဲ့က တရားစွဲ အမှုဖွင့်ခဲ့သည်။

ခွင့်ပြုနေရာမှာ ဆန္ဒမထုတ်ဖော်ဘဲ တစ်ခြားနေရာမှာ ဆန္ဒထုတ်ဖော်ခဲ့သည့် အတွက် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၉ ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နှင့်ပါ ထပ်မံ တရားစွဲဆိုထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly