တနင်္သာရီ မောတောင်တွင် ထိုင်းနိုင်ငံသားတစ်ဦး အသတ်ခံရ

တနင်္သာရီ မောတောင်တွင် ထိုင်းနိုင်ငံသားတစ်ဦး အသတ်ခံရ

မြိတ်၊ မေ-၁၂ ။            ။ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် မောတောင်မြို့ ၊အမှတ်(၃) ကျေးရွာမှ တကောဖောလူကျေးရွာသို့ သွားသည့် ကားလမ်းနံဘေးတွင် ဦးခေါင်းချိုစောင်းဖောက်ဝင် ဒဏ်ရာဖြင့် သေဆုံးလျက်ရှိသည့် ထိုင်းနိုင်ငံသားတစ်ဦးကို မေ ၁၀ ရက်တွင် တွေ့ ရှိခဲ့ကြောင်းသိရသည်။

အမှတ်(၃)ကျေးရွာရှိ ပြည့်ဖြိုးထွန်းဆီအုန်းစိုက်ခင်းကုမ္ပဏီ စက်ယန္တရားအလုပ်သမားအဆောင်နှင့် ကိုက် ၁၅၀ အကွာ ကားလမ်းနံဘေးတွင် ထိုင်းနိုင်ငံသား စက်ပြင်ဆရာ သေဆုံးလျက်ရှိကြောင်း ယင်းကုမ္ပဏီ၏ အလုပ်သမားနှစ်ဦးမှ တွေ့ရှိခဲ့သဖြင့် ကုမ္ပဏီတာဝန်ရှိသူ များကို အကြောင်းကြားခဲ့သည်ဟု သိရသည်။

အဆိုပါ ထိုင်းနိုင်ငံသားမှာ အသက် (၃၃)နှစ် ၊ မ(၅၂) ဝါရိုင်ကျေးရွာ တက်ကာအန်နွေမြို့၊ စကွန်နခေါ်ခရိုင်၊ ထိုင်းနိုင်ငံတွင် နေထိုင်သူဖြစ်ကာ မေလ ၇ ရက်နေ့က ပြည့်ဖြိုးထွန်းဆီအုန်းစိုက်ခင်းကုမ္ပဏီသို့   ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

မေလ ၁၀ ရက်တွင် ယင်းသို့ သေနတ်ဒဏ်ရာဖြင့် သေဆုံးနေကြောင်း တွေ့ရှိသူများအကြောင်းကြားချက်အရ သေဆုံးသူ ထိုင်းနိုင်ငံသား Mr. Chaiched အား ရဲဆေးစာနှင့်အတူ တနင်္သာရီမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး တရားခံအား လိုက်လံစုံစမ်းလျက်ရှိကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly