ကိတ်မုန့်ထုပ်များအတွင်း ဝှက်ယူလာသည့် ဘိန်းဖြူများ ဖမ်းမိ

ကိတ်မုန့်ထုပ်များအတွင်း ဝှက်ယူလာသည့် ဘိန်းဖြူများ ဖမ်းမိ

ရန်ကုန်၊ မေလ ၁၁ ။           ။ ရေပူစခန်းဂိတ်အတွင်း မေလ ၉ ရက်နေ့က အသံမိုင်းတစ်လုံးဖောက်ခွဲခံခဲ့ရပြီးနောက် ရေပူစစ်ဆေးရေးအဖွဲ့မှ ဖြတ်သန်းသွားလာနေသော ယာဉ်များကို ပိုမိုတင်းကြပ်စစ်ဆေးနေပြီး  ဆိုင်ကယ်တစ်စီးမှ ဘိန်းဖြူများအား ကိတ်မုန့်ထုပ်များအတွင်း ဝှက်ယူလာစဉ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယနေ့ မေလ ၁၁ ရက်နေ့၊ မနက် ၁၁ နာရီအချိန်တွင် လူနှစ်ဦးစီးနှင်လာသည့် ဆိုင်ကယ်ကို မသင်္ကာ၍ စစ်ဆေးခဲ့ရာ ဆပ်ပြာခွက်ဖြင့် ထည့်ထားသည့် ဘိန်းဖြူများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ စခန်းမှာ အသံမိုင်းတစ်လုံးခွဲခံရပြီးတဲ့နောက်မှာ ပိုပြီး တင်းတင်းကြပ်ကြပ်စစ်ဆေးနေတာ။ ဒီနေ့ဆိုလည်း ကားတွေကအများကြီးပဲ။ ကိုယ်တို့လည်းစစ်ဆေးနေတော့ ဆိုင်ကယ်နဲ့ သူတို့က ကိတ်မုန့်ထုပ်တွေထဲမှာ ဆပ်ပြာခွက်တွေကို ညှပ်ထည့်ထားတာပေါ့။ ဆပ်ပြာခွက်ထဲ မှာမှ ဘိန်းဖြူတွေထည့်ထားတာ ဖမ်းမိလိုက်တယ်။ ညကလည်း တစ်ယောက်ဖမ်းမိတယ်။ ဆပ်ပြာခွက်တစ်ခွက်နဲ့ ဘိန်းဖြူတွေထည့်လာတာ”ဟု ရေပူအမြဲ တမ်းစစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့ တာဝန်ခံ၊ အကောက် ခွန် ဦးစီးဌာနရုံးချုပ် ဒုတိယညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင်က မဇ္ဈိမသို့ ပြောသည်။

အဆိုပါဖမ်းဆီးရမိသည့် ဘိန်းဖြူများ၊ ဆိုင်ကယ်နှင့် ဖမ်းဆီးထားသည့် လူသုံးဦးကို သိန္တွီရဲစခန်းသို့ လွှဲအပ် လိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းဂိတ်မှ နေ့စဉ် ကုန်တင်ကားပေါင်း ၅ဝဝဝ မှ ၆ဝဝဝထိ ဖြတ်သန်းသွား လာနေပြီး ဖြတ်သန်းနေသောကားများမှ တရားမဝင် သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများ၊ မှောင်ခိုကျောက်စိမ်းများနှင့် သစ်များ၊ အရည်အသွေးမမှီသည့် စားသောက်ကုန်များ၊ အခွန်မဲ့စားသောက်ကုန်စည်များနှင့် အသုံးအဆောင်ပစ္စည်းများကို ဇန်နဝါလ ၁၆ ရက် နေ့မှ စတင်ကာ ရေပူ အမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းအဖွဲ့ ၁၂ ဖွဲ့ဖြင့် စစ်ဆေးဖမ်းဆီးနေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly