၂၀၂၂ ဆောင်းရာသီ အိုလံပစ်အားကစား ပွဲတော်လက်ခံ ကျင်းပရန်ပေကျင်း မြို့ရွေးချယ်ခံရ

၂၀၂၂ ဆောင်းရာသီ အိုလံပစ်အားကစား ပွဲတော်လက်ခံ ကျင်းပရန်ပေကျင်း မြို့ရွေးချယ်ခံရ

တရုတ်နိုင်ငံမြို့တော် ပေကျင်းသည် ၂၀၀၂ဆောင်းရာသီအိုလံပစ်အားကစားပွဲတော်လက်ခံကျင်းပရန် ရွေးချယ်ခံလိုက်ရပြီဖြစ်ရာ နွေအားကစားပွဲတော်သာမက ဆောင်းရာသီပွဲတော်အတွက်ပါ ပထမဆုံးရွေးချယ်ခံရသည့် မြို့ကြီးဖြစ်လာသည်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ပြုလုပ်သော နိုင်ငံတကာအိုလံပစ်ကော်မတီ၏ မဲပေးရွေးချယ်မှုတွင် ကာဇက်စတန်နိုင်ငံ၏ အယ်လ်မာတီမြို့ကိုအနိုင်ရခဲ့ခြင်းဖြစ်သည်။ မဲပေးမှုကိန်းဂဏန်းများကိုမူ ချက်ခြင်းမထုတ်ပြန်ခဲ့ပေ။ ပေကျင်းသည် ၂၀၀၈ နွေရာသီအိုလံပစ်အားကစားပွဲတော်ကိုလည်း လက်ခံကျင်းပခဲ့သည်။ ပေကျင်းတွင် သဘာဝနှင်းများနှင့် ဆောင်းရာသီအခြေအနေများမရှိသော်လည်း မဲပေးရွေးချယ်မှုတွင် ပိုမိုားကောင်းသည့်နှစ်သက်မှုကို ရရှိခဲ့သည်။

ပေကျင်းသည် လုံခြုံသည့် ယုံကြည်စိတ်ချရသည့် ရွေးချယ်မှုတစ်ခုအဖြစ် IOC ကရှုမြင်ထားသည်။ ထို့အပြင် တရုတ်နိုင်ငံမြောက်ပိုင်း လူသန်း ၃၀၀ကျော်၏ သစ်လွင်သောဆောင်းရာသီ အားကစားဈေး ကွက်တစ်ခုတွင် ကြီးမားသည့် စီးပွားရေးအခွင့်အလမ်းများလည်းရှိနေသည်ဟု ဆိုသည်။ အယ်လ်မာတီအနေဖြင့် ပထမဆုံးအကြိမ် ဗဟိုအာရှသို့ အားကစားပွဲများ ယူဆောင်လာရန် မျှော်လင့်ခဲ့သော်လည်း ယင်းမှာ ပိုမိုလူသိနည်းသည့်အပြင် ယင်းမြို့ကို ရွေးချယ်မှုက ပိုမိုစွန့်စားရသည့် ရွေးချယ်မှုအဖြစ် IOC အဖွဲ့ဝင်များက ရှုမြင်ခဲ့သည်။

ကစားပွဲများ ကျင်းပခွင့်ရရန် ကာဇက်ဝန်ကြီးချုပ် ကာရင်မက်ဆီမော့က နောက်ဆုံးအချိန်အထိ အိုင်အိုစီကို အာသီသပြင်းပြစွာမေတ္တာရပ်ခံခဲ့သော်လည်း လုံလောက်မှုမရှိခဲ့ပေ။လွန်ခဲ့သည့် နှစ်နှစ်က ပြိုင်ပွဲ ကျင်းပခွင့်ရရေး ယှဉ်ပြိုင်ခဲ့စဉ်က ပေကျင်းနှင့် အယ်လ်မာတီကို အလားအလာနည်းသည်ဟု ယူဆခဲ့ကြသည်။

သို့သော်လည်း အခြားပြိုင်ဘက် ဥရောပမြို့ကြီးလေးမြို့မှာ နိုင်ငံရေး သို့မဟုတ် ဘဏ္ဍာရေးအခြေအနေများကြောင့် ပြိုင်ပွဲမှ နုတ်ထွက်သွားခဲ့သည်။ ပေကျင်းက Bird's Nest အားကစားကွင်းနှင့် Water Cube အားကစားကွင်းအပါအဝင် ၂၀၀၈ အိုလံပစ်ပြိုင်ပွဲမှ ကစားကွင်းအချို့ကို အသုံးပြုရန်စီစဉ်နေသည်။ နှင်းလျှောစီးပြိုင်ပွဲများကို ပေကျင်းအပြင်ဘက် မိုင် ၄၀နှင့် ၄၉မိုင်ကွာဝေးသော ယန်ချင်မြို့နှင့် ကျန်ကျားကိုမြို့များတွင် ပြုလုပ်မည်ဟု သိရသည်။ ကျန်ကျားကိုမြို့သို့သွားရာတွင် မြန်နှုန်းမြင့်ရထားကို အသုံးပြုရန် စီစဉ်ထားသဖြင့် ပုံမှန်ထက် မိနစ် ၅၀ အချိန်ကုန်သက်သာမည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly