KPOP လူငယ်တွေ ဘာလို့ ကြိုက်ကြတာလဲ?

KPOP လူငယ်တွေ ဘာလို့ ကြိုက်ကြတာလဲ?

ဟိုင်း ကျွန်တော်နေပိုင်ပါ။ အခုဆိုရင် မြန်မာနိုင်ငံမှာ K Pop ကို အရူးအမူး စွဲလမ်းလာကြတယ်။ သူတို့ ဘာဖြစ်လို့ အရူးအမူး စွဲလမ်းလာကြတယ်ဆိုတာကို ကျွန်တော်တို့ အခုပဲ လိုက်မေးလိုက်ပါဦးမယ်။

 

 

 

“K Pop ကို ဘာဖြစ်လို့ အရူးအမူးကြိုက်လဲဆိုတော့ ကိုယ့်အကြိုက်နဲ့ကိုယ်ဆိုတော့လေ ဒီ မြန်မာပြည်မှာလည်း သူ့အကြိုက်နဲ့သူရှိသလို K Pop မှာလည်း ရူးတာရှိတယ်။ ကိုယ်အားသန်ရာ ကိုယ်ကြိုက်တာပေါ့။”

 

 

 

“ကျွန်တော်အထင်ပြောရမယ်ဆိုရင်တော့ အခုဆို သူတို့ရဲ့ အပြင်အဆင်အလှအပတွေ နောက်ပြီးတော့ သူတို့ရဲ့ ကတဲ့ကကွက်လေးတွေ ဒီလိုမျိုးတော့ ကျွန်တော်ကတော့ ထင်တာပဲ။ ဒါပေမယ့် အချို့ကျတော့ ဒါကို အပြစ်မြင်ကြတာပေါ့နော်။ အချို့ကျတော့လည်း အပြစ်မြင်တယ်ဆိုပေမယ့် တချို့ကျတော့လည်း အရမ်းကြီး အရူးအမူးဖြစ်သွားတော့လည်း နည်းနည်းလေး လူအမြင်ကပ်စရာတွေဖြစ်တာပေါ့။”

 

 

 

“သူတို့က အရွယ်နဲ့လည်းမလိုက်ဘူး အောင်မြင်နေတာဆိုတော့ တော်တော်များများကလည်း သူတို့အကုန်လုံး ပညာအရည်အချင်းတွေပိုင်းကလည်း သူတို့ ပညာရေးတွေကိုလည်း အဓိကမထားဘူး သူတို့အောင်မြင်ဖို့ပဲ အဓိကလုပ်တာပေါ့နော်။ အဲဒါကိုအားကျတယ်။ ပြီးတော့ သူတို့က ခွဲစိတ်ထားတာလည်းပါတော့ ချောလည်းချောကြတယ် အဲဒါကြောင့်ပါ။ သူတို့ကို အရမ်းကို အရူးအမူးဖြစ်တယ်။ ရူးတာမှ အိမ်နဲ့ကို အတိုက်အခံလုပ်ပြီးတော့ကို လာကြည့်တာပါ။” 5.png

 

 

“သူတို့ကို ကြိုက်တယ်ဆိုတာက သူတို့က ယောကျ်ားနဲ့ မိန်းကလေးကွာတယ်လေ။ K Pop ကျတော့ မိန်းကလေးဆန်တယ် အဲဒါကြောင့်မို့ ကြိုက်တာ။”

 

 

 

 

“ဒီ K Pop Music က International နဲ့တန်းတူ ရင်ဘောင်တန်းနေတာ သူတို့ကိုကြိုက်တာ အကြောင်းပြချက်တော့ မရှိဘူး အရူးအမူးကို စွဲလမ်းမိသွားတာ။”

 

 

 

”အဓိကကတော့ ကိုရီးယား K Pop မင်းသားတွေက ဘာလဲဆိုတော့ သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာက စွဲဆောင်မှုရှိတယ်။ သူတို့ရဲ့သံဇဉ်လေးတွေက နည်းနည်းမြူးတယ်။ အဲဒီအတွက်ကြောင့် ကြိုက်ကြတယ်လို့လည်း ကျွန်တော်ထင်တယ်။ ပြီးတော့ သူတို့က ဘယ်လိုခေါ်မလဲ အလှအပပိုင်းဆိုင်ရာရော Entertainment ပိုင်းဆိုင်ရာရော နည်းနည်းကောင်းကြတယ်။ အဲဒီအတွက်ကြောင့်မို့ သူတို့က ကြိုက်ကြတယ်လို့လည်းထင်တယ်။ ပြီးတော့ မိန်းကလေးသဘာဝအရ ပြောမယ်ဆိုရင် ဟန်းဆန်ဖြစ်တဲ့ ယောက်ျားလေးတွေကို စိတ်ဝင်စားကြတယ်လို့လည်း ကျွန်တော် ထင်ပါတယ်ခင်ဗျာ။”

 

 

“K Pop ဆိုတာက ခေတ်ကာလအနေနဲ့ကတော့ ပေါ်ရာကြတယ်။ တစ်ခေတ်နဲ့တစ်ခေတ်က မတူတော့ဘူး။ တီထွင်မှုတွေရှိတယ် ဆန်းသစ်မှုတွေရှိတယ်။ နည်းပညာတွေလည်း တိုးတက်လာတယ်။ အဲလို နည်းပညာတွေ တိုးတက်လာတဲ့ကာလမှာ ကျွန်တော်တို့ ခေတ်ပေါ် Music ဆိုတာက အနှစ်သာရအနေနဲ့ Music ကို Music သဘောလိုပဲ နားထောင်ပြီးတော့ နေတဲ့သူတွေပဲ ကျွန်တော်တို့က Music သဘောသဘာဝကို နားထောင်တယ်။ K Pop လောကကလည်း တကယ်ကောင်းမွန်လာတဲ့အတွက် အဲဒါကြောင့်လည်း မိန်းကလေးတွေ အကြိုက်များလာတယ်လို့ ထင်ပါတယ်။”

 

“K Pop သီချင်းတွေက စွဲဆောင်မှုရှိတယ်။ ပြီးတော့ သူတို့အကနဲ့ သူတို့စတိုင်လ်တွေက လုံးဝ သဘာဝကျတဲ့ အကတွေဖြစ်တဲ့အတွက်ကြောင့် မိန်းကလေးအများစုက ကြိုက်ကြတာဖြစ်ပါတယ်။”

 

 

 

ကဲ အခုဆိုလို့ရှိရင် ကျွန်တော်ရဲ့သူငယ်ချင်းအများစုကတော့ K Pop ကို သူတို့ရဲ့ တင်ဆက်ပုံကြောင့် ကြိုက်တယ်လို့ ဖြေသွားပါတယ်။ သူငယ်ချင်းတို့ဆိုရင်ရော ဘာကြောင့် K Pop ကို ကြိုက်တာလဲဆိုတာကို ကျွန်တေ်ာတို့ရဲ့ YOPE Facebook နဲ့ YOPE Website တွေမှာ ဝင်ရောက်ပြီးတော့ Comment လေးတွေ ပေးသွားပါဦး။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags