အဆိုတော် ဇွဲပြည့်၏ ခိုလှုံရာ VCD အခွေ မေ ၂၇ရက်တွင် ထွက်ရှိမည်

အဆိုတော် ဇွဲပြည့်၏ ခိုလှုံရာ VCD အခွေ မေ ၂၇ရက်တွင် ထွက်ရှိမည်

ရန်ကုန်၊ မေ ၉ ။           ။ အဆိုတော် ဇွဲပြည့်၏ ဒုတိယမြောက် တေးအယ်လ်ဘမ် ခိုလှုံရာ VCD Karaoke ကို မေလ ၂၇ရက်တွင် The Sun Music Production မှ မြန်မာတစ်နိုင်ငံလုံးသို့ စတင်ဖြန့်ချိသွားမည် ဖြစ်သည်။

အဆိုတော် ဇွဲပြည့်သည် တစ်ကိုယ်တော် တေးအယ်ဘမ်အဖြစ် အပြည်ပြည်ဆိုင်ရာအသည်းကွဲသောနေ့ တေးအယ်ဘမ်ကို ပထမဆုံး ထွက်ရှိခဲ့ခြင်းဖြစ်ပြီး ခိုလှုံရာ တေးအယ်လ်ဘမ်သည် ၎င်း၏ ဒုတိယမြောက် တစ်ကိုယ်တော်တေးအယ်လ်ဘမ်ဖြစ်သည်။

ခိုလှုံရာတွင် တေးသီချင်း စုစုပေါင်း ၁၃ပုဒ် ပါဝင်ပြီး ယခင်က အောင်မြင်ကျော်ကြားခဲ့သည့် တေးသီချင်းဟောင်းများလည်း ပါဝင်ကာ Featuring အဆိုတော်အဖြစ် ဝိုင်းစုခိုင်သိန်းမှ ပါဝင် သီဆိုပေးထားသည်။

ထိုတေးအယ်ဘမ်တွင် တေးရေးများအဖြစ် သုခမိန်လှိုင်၊ မောင်သစ်မင်း၊ ဝင်းမင်းထွေး ၊ နောင်နောင်(SF)၊ ဇေယျာ၊ ဖိုးကာ၊ ကမ္ဘာ၊ စစ်သူ၊ ဖိုးခွား၊ ဂျမန်း၊ သားသား၊ ချမ်းအောင်၊ မီးမီးခဲ၊ ပိုပိုတို့မှ ရေးသားပေးထားသည်။

VCD အဖြစ် ရိုက်ကူးပုံဖော်ရာတွင် ဒါရိုက်တာများ အဖြစ် ရဲမြင့်သူ၊ အောင်မြတ်၊ ဘုဏ်းသိုက်၊ ထူးပိုင်ဇော်ဦး၊ JP ၊ Moon Myanmar Media တို့က ရိုက်ကူးပေးထားပြီး သရုပ်ဆောင်များအဖြစ် ဇွဲပြည့်၊ ထက်အောင်ရှိုင်း၊ သီဧ၊ MHA ၊ မိုးသူရ၊ သြဇာ၊ အေးချမ်းမောင်၊ ကောင်းမြတ်ဇော်၊ Everest Moe ၊ နန်းမြတ်ဖြိုးသင်း၊ ဖူးပွင့်သခင်၊ မေမြင့်မိုရ်၊ မေစူးမောင်၊ ပိုးကြာဖြူခင်၊ ဝင့်ယမုံလှိုင်၊ ရွှေအိမ်စည်၊ လီလီကျော်ခိုင်၊ စုလဲ့လဲ့နိုင်၊ စင်ဒီမြတ်၊ မိုးပွင့်ဖြူဟန်၊ Lily Panipak ၊ Stars & Models It’l မှ သရုပ်ဆောင်များ ပါဝင်သရုပ်ဆောင်ထားကြသည်။

အခွေပရိုမိုးရှင်းပွဲကို မေလ ၂၇ရက်တွင် ရန်ကုန်မြို့ရှိ လှည်းတန်းစင်တာ Outdoor area တွင် ညနေ ၄နာရီ မှ စတင်ပြီး အနုပညာရှင်များနှင့် အတူ အမှတ်တရ လက်မှတ်ရေးထိုး   ရောင်းချပေးမည်ဖြစ်ပြီး မေလ ၂၈ရက် တွင် မန္တလေးမြို့ရှိ Sky Walk Shopping mall မြေညီထပ် ပရိုမိုးရှင်း ဧရိယာတွင် အနုပညာရှင်များနှင့်အတူ လက်မှတ်ရေးထိုးပြီး   ရောင်းချ ပေးသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly