လီဗာပူးလ်အသင်းတွင် ဆာဒီယိုမာနေး ဆုနှစ်ဆုရရှိ

လီဗာပူးလ်အသင်းတွင် ဆာဒီယိုမာနေး ဆုနှစ်ဆုရရှိ

မေ ၁၀၊ လီဗာပူးလ်။           ။ ဆာဒီယို မာနေးသည် လီဗာပူးလ်အသင်း၏ရာသီကုန်ဆုပေးပွဲအခမ်းအနားတွင် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုနှင့် လီဗာပူးလ်ကစားသမားများကရွေးချယ်သည့် အကောင်းဆုံးကစားသမားဆုတို့ကို ရရှိသွားသည်။

ယင်းဆုတစ်စုံမှာ ပြီးခဲ့သည့်နွေရာသီကမှ ဆောက်သမ်တန်မှ အန်ဖီးလ်သို့ ပေါင် ၃၄ သန်းဖြင့်ပြောင်းလာသည့် မာနေးအတွက် ပြီးပြည့်စုံသော ပွဲဦးထွက်ရာသီတစ်ခုဖြစ်စေခဲ့သည်။

မာနေးသည် ယခုနှစ်အစောပိုင်းတွင် ဒဏ်ရာကြောင့်လည်းကောင်း၊ အာဖရိကဖလားပြိုင်ပွဲကြောင့်လည်းကောင်း အနားယူခဲ့ရ သေးသော်လည်း ကစားရချိန်တွင်အသင်းနှင့်ခြေစွမ်းပြနိုင်မှုများကြောင့် ၂၀၁၆-၁၇ ရာသီအတွက် ပီအက်ဖ်အေအကောင်းဆုံး အသင်းတွင်လည်း ပါဝင်ခဲ့သည်။

“အခုလိုဂုဏ်ပြုခံရလို့ အသင်းဖော်တွေနဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ဒီဆုက ကျွန်တော့်အတွက် အဓိပ္ပါယ်အများကြီး ရှိပါတယ်။ ဒီအသင်းနဲ့ဒီမြို့က ကျွန်တော့်အိမ်လိုပဲ ခံစားရပါတယ်။

အသင်းဖော်တွေ၊ ဝန်ထမ်းတွေ၊ နည်းပြနဲ့ ပရိသတ်တွေဟာ ကျွန်တော်ဒီကိုရောက်လာကတည်းက လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြ ပါတယ်။ ဒီရာသီမှာလီဗာပူးလ်အတွက်ကစားပေးရတဲ့ မိနစ်တိုင်းကို တန်ဖိုးထားပြီး အသင်းကိုကူညီနိုင်ဖို့ ပြန်ကစားနိုင်မယ့် အချိန်ကိုမစောင့်နိုင်တော့ပါဘူး”ဟု မာနေးက ပြောသည်။

ဆီနီဂေါလက်ရွေးစင်သည် လီဗာပူးလ်အတွက် ၁၅ ဂိုးသွင်းပေးထားသည်။ အကောင်းဆုံးဂိုးဆုကို ယခုလအစောပိုင်းတွင် ဝက်ဖို့ဒ်ဘက်သို့သွင်းယူခဲ့သည့် အမ်မရီချန်၏ဂိုးက ရရှိခဲ့သည်။

အကောင်းဆုံးလူငယ်ကစားသမားဆုကို ယခုနှစ်တွင် လီဗာပူးလ်အသင်းကြီးနှင့်ကစားခွင့်ရပြီး ပရီးမီးယားလိဂ် ခုနစ်ပွဲ ကစားထားသည့် လူငယ်ညာနောက်ခံလူ ထရန့် အလက်ဇန္ဒား အာနိုးက ရရှိသွားသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags