Freedom of the City of London ဆုတက်ယူသည့် ဒေါ်အောင်ဆန်းစုကြည်အား အုပ်စုငယ်တစ်ရပ်က ဆန္ဒပြ

Freedom of the City of London ဆုတက်ယူသည့် ဒေါ်အောင်ဆန်းစုကြည်အား အုပ်စုငယ်တစ်ရပ်က ဆန္ဒပြ

လန်ဒန်၊ မေ ၉ ။           ။ ဗြိတိန်နိုင်ငံတွင် ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းကြည်သည့် မေ ၈ ရက်က ဂုဏ်ထူးဆောင်ဆုတံဆိပ်ဖြစ်သော Freedom of the City of London ဆု တက်ရောက်ယူစဉ် အပြင်ပန်း၌ အုပ်စုငယ်တစ်ရပ်က လူနည်းစုမွတ်စလင်များကို ဆက်ဆံပြုမှုတာနှင့် ပတ်သက်ကာ ဆန္ဒပြသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မေ ၅ ရက်က ဗြိတိန်ဘုရင်မကြီး အဲလိဇဘတ်နှင့် ထီးမွေနန်းခံ မင်းသား ချားလ်တို့နှင့် တွေ့ဆုံပြီးနောက် လန်ဒန်ရှိ Guildhall ခန်းမ၌ အဆိုပါ ဆုအား လက်ခံရယူခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ “ဒီမိုကရေစီအတွက် အကြမ်းမဖက်ဘဲ ရုန်းကန်ဖော်ဆောင်ခြင်းနှင့် ပြည်သူများ ငြိမ်းချမ်းစွာနေထိုင်နိုင်ရေးအတွက် ဖော်ဆောင်မှု”တို့ကို အသိအမှတ်ပြုကာ ဆုချီးမြှင့်ခြင်းဖြစ်ကြောင်း City of London က ထုတ်ပြန်သည်။

ဥရောပခရီးစဉ် လှည့်လည်နေသည့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ဘယ်ဂျီယမ်၊ အီတလီနှင့် ဗာတီကန်စီးတီးသို့ သွားရောက်လည်ပတ်ခဲ့ပြီးဖြစ်သည်။

မေ ၈ ရက်က Guildhall ခန်းမဆောင်ပြင်ပတွင် အင်အား ၄၀ နီးပါးရှိ ဆန္ဒပြသူများက စုရုံးကာ “မြန်မာနိုင်ငံတွင်း နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေး။” နှင့် “ဘင်္ဂလီ(ရိုဟင်ဂျာဟု ဆိုထား)ကျေးရွာများ စစ်တပ်က မီးရှို့နေခြင်းများ ရပ်တန့်ပေး။”ဟူသော စာတမ်းများကို ကိုင်ဆောင် ဆန္ဒပြကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly