စော်ကားခံရသည်ဟူသော ကလေး ရ ဦး၏ မွေးစားမိခင်ဆိုသူကို ပြည်ပထွက်ခွင့် ပိတ်ထား

စော်ကားခံရသည်ဟူသော ကလေး ရ ဦး၏ မွေးစားမိခင်ဆိုသူကို ပြည်ပထွက်ခွင့် ပိတ်ထား
ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ်မှ လိင်အကြမ်းဖက်ခံရသည်ဟု ဆိုသော ကလေးငယ်များ၏  မွေးစားမိခင် ဒေါ်စန်းပွင့်ဖြူပိုင်ဆိုင်သည့် အထပ်မြင့်နေအိမ်တိုက်ခန်းကို မတ်လ ၂၄ ရက်နေ့က တွေ့ရပုံ။ တိုက်ခန်းတွင် လူနေထိုင်သည့် အရိပ်အယောင် မတွေ့ရပေ။ (ဓာတ်ပုံ - အောင်ငြိမ်းချမ်း/Myanmar Now)

ရန်ကုန် (Myanmar Now) ။              ။ ဗိုလ်တထောင်မြို့နယ်၌ ဖေဖော်ဝါရီလအတွင်းကလေးငယ် ခုနစ်ဦး လိင်အကြမ်းဖက်ခံရသည် ဟုဆိုသော အမှုတွင် ကလေးငယ်များကိုမွေးစားထားသည့် အမေရိကန်နိုင်ငံသားခံယူထားသူ ဒေါ်စန်း ပွင့်ဖြူ (ခေါ်) ဒေါ်ခမ်းကို နိုင်ငံထဲမှ ထွက်ခွာမသွားရေးအတွက် တားမြစ်ပေးရန် လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ အကြောင်းကြားထားသည်ဟုလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ အမည်မဖော်လိုသူ အရာရှိသူတစ်ဦးက ပြောသည်။

အသက် ၅ဝ အရွယ် ဒေါ်စန်းပွင့်ဖြူသည် မြန်မာနိုင်ငံအတွင်း၌သာ ရှိနေဆဲဖြစ်သည်ဟု သက်ဆိုင်ရာက ပြောသည်။ ၎င်းနေထိုင်ရာရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်တထောင်လမ်း သွယ် ၃ ရှိ နေအိမ်တိုက်ခန်းကိုမူ တံခါးသော့ခတ်ပိတ်ထားသည်။ ၎င်းကိုင်ဆောင်သည့် လက်ကိုင်ဖုန်း ကိုလည်း ဆက်သွယ်၍ မရပေ။

လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရသည်ဆိုသော ကလေးငယ်များမှာ ၃ နှစ်မှ ၁၁ နှစ်အရွယ်အ ထိ ဖြစ်သည်။ အကြီးဆုံးကလေးကိုကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်း၊ ကျန်ကလေးများကိုရွှေဂုံတိုင် ကလေးပြုစုစောင့်ရှောက်ရေး သင်တန်းဌာနတွင်  ပြုစုစောင့်ရှောက်ထားကြောင်း ရန်ကုန်တိုင်း လူမှု ဝန်ထမ်းဦးဌာနမှ ကလေးသူငယ် ကြီးကြပ်ရေးမှူး ဒေါ်စိုးစိုးထိုက်က ပြောသည်။

ဒေါ်စန်းပွင့်ဖြူသည် ၂ဝဝ၈ ခုနှစ်မှစပြီးအမေရိကန်နိုင်ငံသားခံယူထားကြောင်း၊ လူမှုဝန်ထမ်းဦး စီးဌာနမှ ကလေးတချို့ကို ၎င်းအမည်နှင့်သာမကဆွေမျိုးတော်စပ်သူတစ်ဦး၏အမည်နှင့်ပါ မွေးစားခဲ့ သူဖြစ်ကြောင်း ကြီးကြပ်ရေးမှူးက ဆက်ပြောသည်။

မွေးစားမိခင် မရှိခိုက်ကလေးများကိုစောင့်ရှောက်ပေးရသည့် ဒေါ်မာမာညိုသည် ကလေးငယ် များကို ကြိုးဖြင့် ချည်ထားခြင်း၊ ရိုက်နှက်ခြင်း၊ ပိတ်လှောင်ခြင်းများ ပြုလုပ်သည်ဟု ရပ်ကွက်အတွင်း နေထိုင်သူတချို့က ယူဆနေကြသည်။

ဒေါ်မာမာညိုကမူ ကလေးများကို ဆုံးမရလွယ်ကူစေရန် တုတ်ပြ၍ ခြောက်ခြင်းသာဖြစ် သည်ဟုဆိုသည်။

“ကြောက်လောက်တဲ့ အနေအထားရှိအောင်တော့ ခြောက်ရတာပေါ့။ ကလေးတွေက ကျွန်မ ဆိုရင် ကြောက်တယ်။ လိမ်တဲ့ကလေးကလိမ်တယ်။ မလိမ်တဲ့ကလေးကမလိမ်ဘူး။ တုတ်နော်လို့ ပြောလိုက်ရင် ကြောက်သွားတဲ့ကလေးရှိသလို မကြောက်တဲ့ကလေးလည်းရှိတယ်။ တချို့တွေက ကျွန်မကို နှိပ်စက်တယ်လို့ ထင်ကြတယ်”ဟု ဒေါ်မာမာညိုက Myanmar Now ကိုပြောသည်။

ဧပြီလကုန်ပိုင်း တရားရုံးတွင် သက်သေထွက်ဆိုစဉ်ကလည်း ဒေါ်မာမာညိုက အလားတူပြော ဆိုထားသည်။ ကလေးများ၏ မွေးစားမိခင်နှင့် ရင်းနှီးခဲ့သည်မှာ နှစ် ၂ဝ နီးပါး ရှိပြီဖြစ်ကြောင်း၊ ဗိုလ်တ ထောင်မြို့နယ်ရှိ နေအိမ်တိုက်ခန်းတွင် ၂ဝ၁၅ ခုနှစ်ကတည်းက နေထိုင်ပြီး ကလေးများကို စောင့်ရှောက်ပေးခဲ့ကြောင်း ဒေါ်မာမာညိုက ပြောသည်။

မွေးစားမိခင်၏ ယာဉ်မောင်း

ကလေးငယ်များကို လိင်ပိုင်းအမြတ်ထုတ်သည်ဟု စွပ်စွဲခံထားရသူ ၄၃ နှစ်အရွယ် ဦးလှမိုး (ခေါ်) နီတွတ်သည် ဒေါ်စန်းပွင့်ဖြူ၏ ယာဉ်မောင်းသူဖြစ်သည်။ ရန်ကုန်တိုင်း လူမှုဝန်ထမ်းဦးဌာနမှ ကလေးသူငယ် ကြီးကြပ်ရေးမှူး ဒေါ်စိုးစိုးထိုက်က ဗိုလ်တထောင်မြို့မရဲစခန်းတွင် တရားလိုပြုလုပ် တိုင်တန်းထားကြောင်း ထိုစခန်းမှ စခန်းမှူးသက်နိုင်ဦးက ပြောသည်။

ရဲစခန်းက ဦးလှမိုးကို ရာဇသတ်ကြီးပုဒ်မ ၃၇၆၊ ၃၇၇ (မုဒိမ်းမှု၊ ဓမ္မတာနှင့်ဆန့်ကျင်သော လိင်ဆက်ဆံမှု) တို့ဖြင့် အရှေ့ပိုင်းခရိုင် တရားရုံးတွင် တရားစွဲဆိုထားသည်။ ကလေးထိန်း ဒေါ်မာမာ ညိုက ဦးလှမိုးနှင့် မေးထူးခေါ်ပြောထက် ပိုပြီးမရင်းနှီးကြောင်း၊ မုဒိမ်းမှု စွပ်စွဲချက်များ မှန်မမှန်ကို ကိုယ်တိုင်မသိသဖြင့် မဝေဖန်လိုကြောင်းပြောသည်။

သို့သော်လည်း ဦးလှမိုးက လိင်ပိုင်းအမြတ်ထုတ်သည်ဟု ကလေးငယ်နှစ်ဦးက ပြောပြဖူး ကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး အသိပေးရာတွင် မွေးစားမိခင်က ယုံကြည်ခြင်းမရှိကြောင်း ဒေါ်မာမာညိုက ဆက်ပြောသည်။

ယာဉ်မောင်းသူ၏ အစ်မဖြစ်သူ ဒေါ်ခင်လေးကမူ ၎င်း၏ မောင်ဖြစ်သူသည် စွပ်စွဲခံရခြင်းသာ ဖြစ်သည်ဟုဆိုသည်။ “မောင်လေးက (ကလေးတွေ) အိမ်ခေါ်လာတာကို ကျွန်မတို့က ကြည့်ပေးတာ ပါ။ ကျွန်မတို့က အေးအေးဆေးဆေးနေတယ်။ ကိုယ့်သားသမီးတွေလို သဘောထားလုပ်ကိုင်ပေး တယ်။ အစ်မတို့တစ်လမ်းလုံးကလည်း ကလေးတွေကိုသိတယ်။ (စွပ်စွဲချက်တွေ) မဟုတ်မှန်းလည်း သိတယ်။ ကျွန်မတို့ကဘာမှ မပြောတတ်ဘူး”ဟု ၎င်းက ပြောသည်။

အမှုကို အရှေ ့ပိုင်းခရိုင် တရားရုံးတွင် ဆက်လက် စစ်ဆေးလျက်ရှိသည်။ မွေးစားမိခင်ကို တရားရုံးက အဆက်အသွယ်လုပ်၍ မရသေးကြောင်း၊ ကလေးထိန်းသူကို မေ ၁၂ ရက်နေ့တွင် ထပ်မံ စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly