ရုပ်ရှင်နှင့်ရုပ်သံ MTV ဆုပေးပွဲ၌ Beauty & the Beast ဇာတ်ကားဖြင့် ဆုများရရှိခဲ့သော အမ်မာဝတ်ဆန်

ရုပ်ရှင်နှင့်ရုပ်သံ MTV ဆုပေးပွဲ၌ Beauty & the Beast ဇာတ်ကားဖြင့် ဆုများရရှိခဲ့သော အမ်မာဝတ်ဆန်

ဗြိတိန်မင်းသမီးငယ်လေး အမ်မာဝတ်ဆန်သည် ၂၀၁၇ မေလ ၇ ရက်နေ့တွင် ကျင်းပသော ရုပ်ရှင်နှင့်ရုပ်သံ MTV ဆုပေးပွဲ၌ Beauty & the Beast ဇာတ်ကားဖြင့် ကျား၊ မ မခွဲခြားပဲချီးမြှင့်သော သရုပ်ဆောင်ဆုများ ဆွတ်ခူးရရှိခဲ့သည်။

ဟယ်ရီပေါ်တာဇာတ်ကားများဖြင့် လူသိများခဲ့သော အမ်မာဝတ်ဆန်သည် Beauty & the Beast ဇာတ်ကား၌ Belle အဖြစ်သရုပ်ဆောင်ခဲ့ပြီး ဆုပေးပွဲ၌ အကောင်းဆုံးရုပ်ရှင် သရုပ်ဆောင်အဖြစ် ဆုရရှိခဲ့ကာ ထိုဆုသည် သူမအတွက် အလွန်အဓိပ္ပါယ်ရှိကြောင်း ပြောခဲ့သည်။

ထိုဆုအတွက် အမျိုးသားသရုပ်ဆောင် ကြယ်ပွင့်များဖြစ်သော ဂျိမ်းစ်မက်အဗွိုင်းနှင့် ဟုချ်ဂျက်မန်းတို့ကို ကျော်ဖြတ်ကာ ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

“လိင်၊ ကျား မ မခွဲခြားဘဲ ရွေးချယ်ပေးအပ်သော ယခုလို ပထမဦးဆုံးသရုပ်ဆောင်ဆုကို ဆွတ်ခူးရရှိတဲ့ အတွက် အတိုင်းမသိဝမ်းသာရပါတယ်။ ကျမတို့ရဲ့ စိတ်ကူးတွေကိုပုံဖော်ဖို့ အရည်အသွေးတွေကို အသုံးချတဲ့ အခါမှာ ကန့်သတ်မှုတွေမရှိသင့်ပါဘူး။ ဒါကြောင့် ဒီဆုဟာ ကျမအတွက်တော့ အဓိပ္ပါယ်ရှိလှပါတယ်” ဟု သူမ က ပြောခဲ့သည်။

ဒါ့အပြင် အမ်မာဝတ်ဆန်သည် တစ်နှစ်တာအကောင်းဆုံးရုပ်ရှင်ဆုကိုလည်း Get Out ၊ Logan ၊ နှင့် Rogue One: A Star Wars Story ဇာတ်ကားများကို ကျော်ဖြတ်ကာ Beauty & the Beast ဇာတ်ကားဖြင့် ဆွတ်ခူးရရှိ ခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly