နစ်ကီမီနာ့ချ်က သူမ၏ ပရိသတ်များအား ကျောင်းစရိတ်ပေးမည်ဟု ပြောကြား

နစ်ကီမီနာ့ချ်က သူမ၏ ပရိသတ်များအား ကျောင်းစရိတ်ပေးမည်ဟု ပြောကြား

နာမည်ကျော်အဆိုတော် နစ်ကီမီနာ့ချ်က သူမ၏ ပရိသတ်များသည် ကျောင်းဘာသာရပ်များ၌ A အဆင့် ဆက်တိုက်ရရှိပါက ကောလိပ်ကျောင်းလခများကို သူမက စိုက်ပေးသွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။

တွစ်တာ၌ ကျောင်းစရိတ်တောင်းခံသော ဒါဇင်နှင့်ချီသည့် မေတ္တာရပ်ခံချက်များကို သူမက တုံ့ပြန်ရင်း အနာဂတ်တွင်လည်း ယခုလို ကူညီစိုက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။

လူငယ်အများအပြားက နစ်ကီမီနာ့ဂျ်အား သူတို့၏ ကျောင်းရီပို့ကတ်များနှင့် ငွေကြေးခက်ခဲမှုအခြေအနေများ အကြောင်းကို ပေးပို့ခဲ့ကြပြီး အများစုက သူမအား ဒေါ်လာ ၁၀၀၀ခန့် ကူညီရန် မေတ္တာရပ်ခံခဲ့ကြသော်လည်း သူမက ဘာသာရပ်များ၌ အဆင့် A ဆက်တိုက်ရသော ကျောင်းသားအား ဒေါ်လာ ၆၀၀၀ ခန့် ကူညီပေးရန် သဘောတူခဲ့သည်။

ဂျို့ရှ်အမည်ရှိသော ပရိသတ်တစ်ဦးက နစ်ကီမီနာ့ဂျ်ကူညီသော ငွေများသည် ကျောင်းလခ၊ နေထိုင်စရိတ်၊ စားစရိတ်နှင့် ကျောင်းစာအုပ်များအတွက် ဖြစ်ကြောင်း ပြောခဲ့သည်။ ဒါ့အပြင် ယခုလိုလှူဒါန်းမှုများကို ဆက် လက်လုပ်ကိုင်နေပါက နစ်ကီထံတွင် တစ်ပြားမှကျန်တော့မည်မဟုတ်ကြောင်း သူမက နောက်ပြောင်ခဲ့သည်။

နစ်ကီမီနာ့ဂျ်သည် ပရိတ်သတ် ၃၀ ခန့်ကို ငွေကြေးအရ ကူညီရန် ရွေးချယ်ခဲ့ကြောင်းသိရသည်။

ယခုနှစ်အစောပိုင်းကလည်း အဆိုတော် Chance The Rapper က ချီကာဂိုရှိကျောင်းများအား ဒေါ်လာ ၁သန်း ခန့် လှူဒါန်းခဲ့ပြီး ဒါဟာ နိုင်ငံရေးအရလုပ်ခြင်း၊ သို့မဟုတ် ပေါ်ပင်လုပ်ခြင်း မဟုတ်ကြောင်းနှင့် ထိုသို့ လှူဒါန်းရ ခြင်းမှာ ကလေးများကို စောင့်ရှောက်ချင်၍သာဖြစ်ကြောင်း ပြောခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly