ရာဇဂြိုလ်ဆည်အနီး ရေ ကျပြီ

ရာဇဂြိုလ်ဆည်အနီး ရေ ကျပြီ

စစ်ကိုင်းတိုင်း၊ ကလေးမြို့အနီး ရာဇဂြိုလ်ဆည် ရေလျှံခဲ့ပြီး ဇူလိုင် ၃၁ရက် ညနေပိုင်းတွင် ဆည်အနီး ရေကျနေပြီဟု ၈၈မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုဘကြူးက ည ၇နာရီခွဲခန့်တွင် မဇ္ဈိမကို ပြောသည်။ 

"ဆည်ကတော့ စိုးရိမ်စရာ မရှိတော့ဘူး။ ဆည်က ရေကျသွားပြီ။ ကလေးမြို့ကတော့ မြို့တဝက်လောက် ရေဖုံးသွားပြီ။ ရေကတော့ အိမ်အားလုံး မြုပ်နေတာ။ ကလေးမြို့နယ်မှာ ကားလမ်း လေးလမ်းလုံး သွားလို့မရတော့ဘူး။ ရထားလမ်းလည်း သွားလို့မရတော့ဘူး။ လေယာဉ်တစ်လမ်းပဲ အားကိုးစရာရှိတော့တယ်။ ရေက တစ်ပတ်လောက် ဆက်ကြီးမယ်ဆို ကလေးမြို့မှာ စားရေးသောက်ရေး ဒုက္ခရောက်နိုင်တယ်"ဟု ကိုဘကြူးက ပြောသည်။ 

လက်ရှိတွင် အစိုးရအဖွဲ့က ကလေးမြို့ ရေဘေး ဒုက္ခသည်များကို ကူညီရန် လှေ ၈စီး ပို့လွှတ်ထားပြီး တပ်မတော် လေယာဉ်နှစ်စင်းဖြင့် စားနပ်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများပေးရန် စီစဉ်နေသော်လည်း ရာသီဥတု အခြေအနေကြောင့် မုံရွာလေဆိပ်မှ မထွက်နိုင်သေးဘဲ ရှိနေသည်ဟု သိရသည်။ 

လက်ရှိတွင် ရေဘေးဒုက္ခ ကြုံတွေ့နေရသူများကို ကမ္ဘောဇလေကြောင်းလိုင်း၊ Sky Net နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တို့က စားနပ်ရိက္ခာ ထောက်ပံ့ထားသည်ဟု သိရသည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly