၂၀၁၇ ခုနှစ်အတွက် ကမ္ဘာကျော် Forbes မဂ္ဂဇင်းက ရွေးချယ်ဖော်ပြလိုက်တဲ့ အသက် ၃၀ အောက် ကဏ္ဍအလိုက် ထူးချွန်အာရှ လူငယ်စာရင်းမှာ မြန်မာအမျိုးသမီးနှစ်ဦးလည်း ပါဝင်ပါတယ်။
သူတို့ကတော့ အမရာဒစ်ဂျစ်တယ်မားကတ်တင်းအေဂျင်စီ တည်ထောင်သူနဲ့ စီအီးအိုတစ်ဦးဖြစ်တဲ့ မချမ်းမြေ့ခိုင်နဲ့ ဒစ်ဂျစ်တယ်ကဝေ မားကတ်တင်းအေဂျင်စီရဲ့ စီအီးအို မစန္ဒီစိန်သိန်းတို့ပဲဖြစ်ပါတယ်။