Signature Music Festival ပွဲ မန္တလေးမြို့တွင် ကျင်းပ ပြုလုပ်မည်

Signature Music Festival ပွဲ မန္တလေးမြို့တွင် ကျင်းပ ပြုလုပ်မည်

ရန်ကုန်၊ ဇူလိုင် ၃၁ ။         ။ Bo Bo Entertainment မှ ဦးစီးပြီး Hip Hop နှင့် Rock အဆိုတော်များ ပူးပေါင်း ပါဝင် တင်ဆက်မည့် Signature Music Festival ပွဲကို သြဂုတ် ၁၆ရက်တွင် မန္တလေးမြို့ရှိ ကန်တော်ကြီးတွင် ကျင်းပမည် ဖြစ်သည်။

ထိုပွဲတွင် ရဲလေး၊ ဝေလ၊ ဝန ၊ လွှမ်းပိုင်၊ ရဲရင့်အောင်၊ Ar-T၊ ရွှေထူး၊ Lil'Z ၊ ထက်ယံ၊ X-Box ၊ G-Faftt ၊ နီနီခင်ဇော်၊ မိစန္ဒီ နှင့် Bobby Soxer တို့မှ သီဆို ဖျော်ဖြေကြမည် ဖြစ်သည်။ အဆိုပါ ပွဲကို Grand Royal Signature မှ Exclusive Sponsor အဖြစ် ကူညီထားသည်။

Signature Music Festival ပွဲကို နေ့လည် ၂နာရီမှ စတင်ကာ ကျင်း ပြုလုပ်မည် ဖြစ်ပြီး ဝင်ကြေးမှာ ကြိုတင် လက်မှတ် အနေဖြင့် ၅၅၀၀ကျပ်ဖြင့် ကြည့်ရှုနိုင်မည် ဖြစ်သည်။ ထိုပွဲကို ယခင်ပွဲများနှင့် မတူအောင် Lighting ၊ LED ပုံစံများနှင့် စင်တည်ဆောက်ကာ တင်ဆက် သွားမည် ဖြစ်သည်။

လက်မှတ်များကို Ocean Diamond Plaza (၇၈လမ်း) ၊ (၃၃)လမ်းထောင့် ၊ NY Bar –(၇၀လမ်း) ၊ (၂၇/ ၂၈) ကြား ၊ ရွှေဘရဏီ ပိုးထည်တိုက်-(၃၇လမ်း) ၊ (၇၇/၇၈လမ်း)ကြား ၊ City Mart (၁၉လမ်း) ၊ Ocean Mingalar Mandalay စသည့် ဆိုင်များတွင် သြဂုတ် ၅ရက်မှ စတင်ကာ ကြိုတင် ဝယ်ယူ ရရှိနိုင်မည် ဖြစ်သည်။

Bo Bo Entertainment မှ ဦးစီးပြီး ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCC Indoor ခန်းမ၌ ဇူလိုင် ၂၆ရက်တွင် Live In Yangon Party အမည်ရှိ Hip Hop ရှိုးပွဲကို ကျင်းပ ပြုလုပ် ခဲ့သည်။ အဆိုပါပွဲတွင် အဆိုတော် J Me၊ ရဲလေး၊ G-Tone ၊ လွှမ်းပိုင်၊ ရဲရင့်အောင်၊ Bobby Soxer တို့မှ သီဆို ဖျော်ဖြေခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly