အပြစ်အနာအဆာကင်း အသဲပုံ စိန့်ပွင့်ကြီးတစ်ပွင့် လေလံတင်ရောင်းချမည်

အပြစ်အနာအဆာကင်း အသဲပုံ စိန့်ပွင့်ကြီးတစ်ပွင့် လေလံတင်ရောင်းချမည်

မေ ၆ ။                  ။ အပြစ်အနာအဆာကင်း အသဲပုံ စိန့်ပွင့်ကြီး တစ်ပွင့်ကိုတော့ ယခုလထဲမှာပဲ ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမြို့မှာ လေလံတင်ရောင်းချဖို့ ရှိနေတယ်လို့ သတင်းတစ်ရပ်မှာ   ဖော်ပြထားပါတယ်။

အလေးချိန် ၉၂ ကရက် ရှိ အဆိုပါ စိန်ပွင့်ကြီးကိုတော့ လေလံပွဲမှာ ခန့်မှန်းခြေ ဒေါ်လာ သန်း ၂၀ နဲ့ ရောင်းချရနိုင်တယ်လို့လည်း သိရပါတယ်။ ယင်းဟာ လေလံပွဲတွေမှာ ရောင်းချထားပြီးသမျှ ယင်းပုံစံတူ စိန့်တွေထဲကမှ အကြီးဆုံးသော တန်ဖိုးကြီး အသဲပုံ စိန့်ပွင့် ဖြစ်လာဖို့ ရှိနေပြီလည်း ဖြစ်ပါတယ်။

ယင်း စိန့်ပွင့်ကြီးကို ပြီးခဲ့တဲ့ မေလ ၃ ရက်ကလည်း လေလံကုမ္ပဏီ Christie's က နယူးယောက်မှာရှိတဲ့ ယင်းရဲ့ ပြခန်းမှာ ပြသထားခဲ့ပါသေးတယ်။

ယခုဆိုရင်တော့ ပုလဲပုတီးကုန်းတစ်ကုန်းနဲ့ သီကုန်းထားလျက်ရှိတဲ့ ယင်းအသဲပုံ စိန့်ပွင့်ကြီးကိုတော့ လာမယ့် မေလ ၁၇ ရက်မှာ ဂျီနီဗာမှာ Christie's က လေလံတင်ရောင်းချသွားတော့မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လတုန်းကလည်း ဟောင်ကောင်မှာ အလေးချိန် ၅၉ ဒသမ ၆၀ ကရက် ရှိ ရှားပါး ပန်းရောင် စိန်တစ်ပွင့်ကိုလည်း ဒေါ်လာ ၇၁ ဒ သမ ၂ သန်းနဲ့ စံချိန်တင်အဖိုးနှုန်းနဲ့   လေလံတင်ရောင်းချ ထားနိုင်ခဲ့ပါသေးတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly