ဂွာတီမာလာတွင် မီးတောင်ပေါက်ကွဲ၍ ပြည်သူများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့

ဂွာတီမာလာတွင် မီးတောင်ပေါက်ကွဲ၍ ပြည်သူများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့

မေ ၆ ။                    ။ ဂွာတီမာလာ မြို့တော် အနောက်တောင်ပိုင်းရှိ ဖွေဂို မီးတောင်မှာ ပြီးခဲ့တဲ့ မေလ ၅ ရက်က ပေါက်ကွဲမှု ဖြစ်ခဲ့ခြင်းကြောင့် ယင်းမီးတောင် အနီးအနားနေ ပြည်သူ ၃၀၀ ကျော်ကို   ဘေးလွတ်ရာသို့ အားချင်း ရွှေ့ပြောင်းခိုင်းခဲ့ရကြောင်း အာဏာပိုင်များက ပြောသည်။

အဆိုပါ မီးတောင်မှာ ယခုအချိန်ထိ မီးခိုးနှင့် ပြာများကို မှုတ်ထုတ်နေဆဲဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

မြို့တော်၏ အနောက်တောင်ပိုင်း ကီလိုမီတာ ၅၀ (၃၁ မိုင်) အကွာရှိ ယင်းမီးတောင် ပေါက်ကွဲမှုကြောင့် ယခုအခါ တာဝန်ရှိသူများက လိမ္မော်ရောင် သတိပေးချက်တစ်ရပ် ထုတ်ပြန်သတိပေး ထားရကြောင်းနှင့် ဒေသခံများကိုလည်း ဆက်လက်၍ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခိုင်းခြင်းများ လုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly