ကမ္ဘာ့အဝဆုံး အမျိုးသား မက္ကဆီကိုတွင် ခွဲစိတ်မှု ခံမည်

ကမ္ဘာ့အဝဆုံး အမျိုးသား မက္ကဆီကိုတွင် ခွဲစိတ်မှု ခံမည်

မက္ကဆီကိုစီးတီး၊ မေ ၆ ။               ။ ကမ္ဘာ့အဝဆုံး အမျိုးသား ဖြစ်လိမ့်မည်ဖြစ်သူက မက္ကဆီကိုနိုင်ငံမှာ ခွဲစိတ်မှု ခံယူဖို့ မေ ၅ ရက်မှာ ပြင်ဆင်နေရပြီဖြစ်ပါတယ်။

အသက် ၃၃ နှစ်ရှိ ဂျူအန်းပီဒရိုဖရန်ကိုဆိုသူဟာ ကိုယ်အလေးချိန် ၁၃၁၁ ပေါင် ရှိပြီး ကြီးမားတဲ့ကိုယ်ခန္ဓာကြောင့် အိပ်ရာက မခွာဘဲ နေထိုင်ရတာ ခုနစ်နှစ်လောက် ရှိနေသူဖြစ်တယ်လို့ ပြည်တွင်း သတင်းတွေက ဖော်ပြပါတယ်။

ဖရန်ကိုဟာ ဝလွန်းသော ကိုယ်ခန္ဓာကြောင့် အသက်အန္တရာယ်အတွက် စိုးရိမ်ရလို့ မကြာသေးခင်အချိန်ကစလို့ ဆရာဝန်တွေ အကြံပြုတဲ့အတိုင်း စားသောက်နေရတာဖြစ်ပါတယ်။

ဖရန်ကိုအနေနဲ့ ခုလိုဆရာဝန်တွေ စကားအတိုင်း လနဲ့ချီ စားသောက်နေထိုင်ပြီး ကိုယ်အလေးချိန် ၃၈၅ ပေါင် ကျသွားခဲ့တာမို့ ခွဲစိတ်လို့ ဖြစ်နိုင်တဲ့ အခြေအနေရောက်လာတာကြောင့် မေ ၉ ရက်မှာ စတင်ခွဲစိတ်တော့မှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly