ကလေးစစ်သား ဇာတ်ကား “Beasts of No Nation” ၏ နမူနာ ဗွီဒီယို ထွက်ရှိ

ကလေးစစ်သား ဇာတ်ကား “Beasts of No Nation” ၏ နမူနာ ဗွီဒီယို ထွက်ရှိ

Netflix ကုမ္ပဏီက ပြသဖြန့်ချိမည့် ရုပ်ရှင်ဖြစ်သည့် “Beasts of No Nation” ဇာတ်ကား၏ နမူနာ ဗွီဒီယို ထွက်လာပြီ ဖြစ်ကာ ဗြိတိသျှ ရုပ်ရှင်မင်းသား Idris Elba ပါဝင်သရုပ်ဆောင်ထားသည်။

ဒါရိုက်တာ Cary Fukunaga က ရိုက်ကူးဖန်တီးထားသော ဇာတ်ကားဖြစ်သည်။ အနောက်အာဖရိက မှ ကောင်လေးတစ်ဦးသည် သူ၏ မိသားစုဝင်များ သေဆုံးသွားခဲ့ပြီးနောက် ကလေးစစ်သားအဖြစ်ဖြင့် ကြေးစားတပ်ဖွဲ့တစ်ခုထဲ သွတ်သွင်းခံခဲ့ရပုံကို ရိုက်ကူးထားသော ဇာတ်ကား ဖြစ်သည်။

စာရေးဆရာ Uzodinma Iweala ၏ “Beasts of No Nation” ဝတ္ထုကို အခြေခံ ရိုက်ကူးထားခြင်း ဖြစ်ပြီး ထိုဇာတ်ကားကို ကမ္ဘာအဝှမ်း၌ အောက်တိုဘာလ ၁၆ ရက်နေ့တွင် ရုံတင်ပြသမည် ဖြစ်သည်။

ထိုဇာတ်ကား နမူနာကို https://www.youtube.com/watch?v=zy2nm5HCDq4 တွင် သွားရောက် ကြည့်ရှှုနိုင်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly