ဒေသတွင်း တင်းမာမှုတွေရှိနေပေမယ့် တောင်ကိုရီးယား သမ္မတရွေးကောက်ပွဲ ရက်ပိုင်းအတွင်း ကျင်းပမည်

ဒေသတွင်း တင်းမာမှုတွေရှိနေပေမယ့် တောင်ကိုရီးယား သမ္မတရွေးကောက်ပွဲ ရက်ပိုင်းအတွင်း ကျင်းပမည်

မေ ၅ ။              ။ အိမ်နီးချင်း မြောက်ကိုရီးယားတို့နဲ့ တင်းမာမှုအရှိန်မြင့်တက်နေချိန်မှာပဲ တောင်ကိုရီးယားတို့အနေနဲ့ လာမယ့် မေလ ၉ ရက်မှာ သမ္မတရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပဖို့ ရှိနေတယ်လို့ သိရပါတယ်။

နိုင်ငံရဲ့ နောက်ဆုံးသော သမ္မတ ပက်ဂွမ်ဟေးဟာလည်း အကျင့်ပျက်ခြစားမှု အရှုပ်အရှင်းမှာ ပါဝင်ပတ်သက်ခဲ့မှုကြောင့် ရာထူးမှလည်း ဆင်းပေးလိုက်ရပြီး ထိန်းသိမ်းခံထားရတဲ့ အခြေအနေအောက်မှာ ယခုဆိုရင် သူမရဲ့ နေရာကို ဆက်ခံမယ့် သူကို ပြည်သူတွေက ရွေးချယ်သွားဖို့ ပြင်ဆင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

နိုင်ငံဦးဆောင်သူ အသစ်ကို ထပ်မံ ရွေးချယ်ဖို့ လုပ်ဆောင်နေပေမယ့်လည်း တောင်ကိုရီးယားပြည်သူတွေအတွက်တော့ နိုင်ငံမှာ စီးပွားရေးနဲ့ လူမှု ဆိုင်ရာ အားမလိုအားမရ ဖြစ်မှုတွေကတော့ ဆက်ရှိနေဆဲပဲ ဖြစ်ပါတယ်။

မေ ၉ ရက် ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးသူ ဦးရေဟာ ယခုဆိုရင်လည်း တောင်ကိုရီးယားပြည်သူ ၅ သန်းလောက်ထိ ရှိနေခဲ့ပြီလို့လည်း သိရပါတယ်။

လက်ရှိအချိန်မှာတော့ သမ္မတဟောင်း ပက်ဂွမ်ဟေး စွပ်စွဲပြစ်တင်ခံရပြီး ရာထူးက ဆင်းပေးခဲ့ရပြီးနောက် ဝန်ကြီးချုပ်ဖြစ်သူ ဟွမ်ကျိုအန်က ခေတ္တ သမ္မတအဖြစ် တာဝန်ယူထားတယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly