မက်ဒရစ်မြို့၌ ဓာတုစက်ရုံ ပေါက်ကွဲမှုကြောင့် ၃၅ဦး ဒဏ်ရာရရှိ

မက်ဒရစ်မြို့၌ ဓာတုစက်ရုံ ပေါက်ကွဲမှုကြောင့် ၃၅ဦး ဒဏ်ရာရရှိ

 မေ ၅ ။                 ။ စပိန်နိုင်ငံမြို့တော် မက်ဒရစ်မြို့ဆင်ခြေဖုံး၏ အရှေ့တောင်ဘက်အရပ်ရှိ ဓာတုစက်ရုံတစ်ခုလုံးကို လျင်မြန်စွာ ပျက်စီးသွားစေခဲ့သော အဆက်မပြတ်ပေါက်ကွဲမှုများကြောင့် လူသုံးဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး စုစုပေါင်း ၃၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း အရေးပေါ် လူမှုကယ်ဆယ်ရေးအဖွဲ့မှ ပြောကြားခဲ့သည်။

မည်သည့်အကြောင်းကြောင့် ဖြစ်ပွားခဲ့သလဲဆိုတာကို တိတိကျကျမသိရသေးသည့် ပေါက်ကွဲမှုများကြောင့်  တောက်လောင်ခဲ့သော မီးတောက်ကြီးများကို မီးသတ်သမားများသည် ၈ နာရီခန့် အချိန်ယူငြိမ်းသတ်ခဲ့ရသည်။

အဆိုပါပေါက်ကွဲမှုများသည် အလွန်ပြင်းထန်သောကြောင့် စက်ရုံကိုသာမက ဘေးချင်းကပ်လျက်ရှိ ကုမ္ပဏီ အဆောက်အဦး လေးခုကိုပါ ပျက်စီးစေခဲ့သောကြောင့် အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့များသည် အနီးဝန်းကျင်ရှိ ကျောင်း၅ ကျောင်းကိုလည်း ဘေးကင်းရာသို့ပြောင်းရွှေ့ပေးခဲ့ရကြောင်း အာဏာပိုင်များက ပြောခဲ့သည်။

မြို့လယ်ခေါင်နှင့် ၂၅ ကီလိုမီတာခန့်ကွာဝေးသော အာဂန်ဒါဒယ်ရေးအရပ်၌ တည်ရှိသည့် အဆိုပါဓာတုစက်ရုံ မီးလောင်ကျွမ်း ပေါက်ကွဲခဲ့မှုကြောင့် ထွက်ပေါ်လာသော အဆိပ်ရှိသည့် အနက်ရောင်မီးခိုးလုံးကြီးများသည် မက်ဒရစ်မြို့ပေါ်၌ မျောလွင့်လျက်ရှိသည်။

ဓာတုစက်ရုံပေါက်ကွဲ၍ မီးလောင်ကျွမ်းခဲ့သော ဖြစ်ရပ်သည် လေးနှစ်အတွင်း ဒုတိယအကြိမ်ဖြစ်ပွားခြင်းသည်။ လွန်ခဲ့သော ၂၀၁၃ ခုနှစ် ဂျွန်လတွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်နှင့် နှိုင်းယှဉ်လျှင် ပြီးခဲ့သော ကြာသာပတေးနေ့က ဖြစ်ပွားခဲ့သော စက်ရုံမီးလောင်ကျွမ်းမှုအတွင်း အထိအခိုက်စာရင်း ပိုမိုများပြားခဲ့ပြီး ကုမ္ပဏီအလုပ်သမား ၂ဦး နှင့် အမျိုးသမီးတို့သည် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကာ ၎င်းတို့အား ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ခဲ့ရသည်။

အဆိုပါဓာတုစက်ရုံကို ဓာတုပစ္စည်းများနှင့် ဓာတုပျော်ရည်များ စသည့်အသုံးပြုပြီးပစ္စည်းများကို ထပ်မံအသုံးပြု နိုင်အောင် အထူးလုပ်ဆောင်ပေးနေသည့် ရီကွင်မ်ဆာ ကုမ္ပဏီမှ ပိုင်ဆိုင်ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly