မြဝတီတွင် စိတ်ကြွဆေးများဖမ်းမိ

မြဝတီတွင် စိတ်ကြွဆေးများဖမ်းမိ

ဇူလိုင် ၃၁ ရက်။       ။ ကရင်ပြည်နယ် မဲထော်သလေးကျေးရွာဘက်မှ မြဝတီမြို့ဘက်သို့ မောင်းဘာသည့် ဟွန်ဒါဖစ်ကားတစ်စီးကို ရှာဖွေရာမှ စိတ်ကြွဆေးပြား ၇၇၅ ပြားကို ဇူလိုင် ၂၉ ရက်က သိမ်းဆည်းမိခဲ့ကြောင်း သိရသည်။

စောကော်ဂေ ဆိုသူမောင်းနှင်လာပြီး ထိုင်းနိုင်ငံသူ မစ်လန့် လိုက်ပါလာသည့် ယင်းကားအား မြဝတီမြို့၊ ရပ်ကွက် ၃၊ မီးလောင်ချောင်းဂိတ်တွင် မြဝတီမူးယစ်တပ်ဖွဲ့စု ၃၂ က ရှာဖွေသိမ်းဆည်းခြင်းဖြစ်ပြီး မူးယစ်ဆေးဝါးဥပဒေအရ အရေးယူထားကြောင်း သိရသည်။

source - MNA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly