အောင်လအန်ဆန်ရဲ့ ဇာတိမြေအပြန်ခရီး

အောင်လအန်ဆန်ရဲ့ ဇာတိမြေအပြန်ခရီး
ဓာတ်ပုံ-အောင်လအန်ဆန်ဖေ့ဘုတ်

မေ ၄ ။             ။ “ကျွန်တော့်ရဲ့ချစ်တဲ့မိသားစုတွေ၊ သူငယ်ချင်းတွေကိုဆုံတွေ့ဖို့ ၁၅ နှစ်ကြာမှ ပြန်ရောက်သွားခဲ့တဲ့ အိမ်ပြန်ခရီးကတော့ စိတ်လှုပ်ရှားမှုအပြည့်နဲ့ပါ ” လို့ အောင်လအန်ဆန်က ဒီနေ့ မေလ ၄ ရက်မှာ ပြောထားပါတယ်။  

“ကချင်မှာရှိတဲ့ စစ်ဘေးရှောင်စခန်းကို သွားရောက်တွေ.ဆုံခွင့်ရခဲ့ပြီး သူတို့ရဲ့ ဝမ်းနည်းမှုတွေအတွက် အားပေးနှစ်သိမ့်ခဲ့ပါတယ်။ သူတို့တွေဆီမှာ သာမန်ဘဝတစ်ခုအတွက် ဆက်လက်ရှင်သန်နေဖို့ မျှော်လင့်ချက်တွေ ရှိနေတယ်ဆိုတာကို ကျွန်တော်မြင်တွေ့ခဲ့ရပါတယ်။ သူတို့မျက်နှာတွေမှာ ပေါ်လွင်နေတဲ့ သူတို့ရဲ့ ရုန်းကန်နေရတဲ့အခက်အခဲတွေကို အဆင်ပြေစေဖို့ ကျွန်တော်အမြဲဆုတောင်းပေးနေပါတယ်” လို့ သူက ဆိုပါတယ်။

“ဘုရားသခင်ကနေ သူတို့အတွက် ငြိမ်းချမ်းမှုတွေ၊ အေးချမ်းမှုတွေချီးမြှင့်ပေးနိုင်ဖို့ ဆုတောင်းပေးပြီး၊ ကျွန်တော့်ကို ဘုရားသခင်က မြန်မာလူမျိုးများအားလုံးကို ကူညီဖို့ အတွက် ခွန်အားတွေပေးဖို့လည်း ဆုတောင်းနေပါတယ်ဗျာ” လို့ သူက ပြောထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်မှာ သူ့ဇာတိမြေ မြစ်ကြီးနားမြို့သို့  ၁၄ နှစ်အကြာမှာ ပြန်ရောက်လာခဲ့တာပါ။

အောင်လအန်ဆန် ၏ အသုံးအဆောင်များ လေလံတင်ရောင်းချပွဲတစ်ရပ်ကိုလည်း မတ်လ ၃၁ရက်နေ့၊ ညနေ ၅ နာရီတွင် ပြုလုပ်ခဲ့ပြီး အကျိုးအမြတ်တွေကို ကချင်ပြည်နယ်ရှိ စစ်ရှောင်ဒုက္ခသည်များကို ကူညီပေးနေသော Shingni N-Bat Charity အဖွဲ့ထံသို့ လှူဒါန်းခဲ့ပါတယ်။ လေလံပွဲတွင် အောင်လအန်ဆန် ဝတ်ဆင်ခဲ့သော ရှပ်အကျီ ၊ ဘောင်းဘီများအပြင် ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သော ရွှေတံဆိပ်ဆုကိုပါ လေလံတင်ရောင်းချကာ ဈေးအမြင့်ဆုံးခေါ်ယူမည့်သူနှင့် ကိုးရီးယားစားသောက်ဆိုင်တွင် ညစာအတူစားမည့် အစီအစဉ်ပါဝင်ခဲ့တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly