ကိုယ့်ကိုကိုယ် Artist တစ်ယောက်လို့ပဲ သတ်မှတ်တယ် (အာကာကျော်)

ကိုယ့်ကိုကိုယ် Artist တစ်ယောက်လို့ပဲ သတ်မှတ်တယ် (အာကာကျော်)

ငယ်စဉ်ကတည်းက ပန်းချီပညာကို စိတ်ဝင်စားခဲ့ပြီးတော့ လက်ရှိအချိန်မှာ နံရံတွေပေါ်မှာ ပုံတွေ ဆွဲနေတဲ့သူ၊ သူကတော့ Street Artist တစ်ယောက်အဖြစ် ခံယူထားတဲ့ အာကာကျော်ပါ။ ရပ်ဖတီလောကရဲ့ ဝေဖန်မှုတွေကို သူ ဘယ်လိုလက်ခံထားလဲ။ ကျွန်မကတော့ ဝေေ၀ပါ။ အခု အာကာကျော်နဲ့တွေ့ဖို့ သူရှိမယ့်နေရာကို ရောက်နေပါပြီ။ ကျွန်မရဲ့ လက်ထဲမှာတော့ YOPE မေးခွန်း ၅ ခုနဲ့အတူ YOPE Red Chair ရှိနေပါတယ်။

အာကာကျော်က ဒီဂရပ်ဖတီလောကထဲမှာ ဂရပ်ဖတီအခြားသမားတွေက ပြောတယ်ပေါ့၊ ဂရပ်ဖတီ အစစ်မဟုတ်ဘူးလို့ ပြောကြတဲ့အပေါ်မှာ အဲဒီအနုပညာနဲ့ ပတ်သက်ပြီးတော့ ကိုယ့်ကိုကိုယ် ဘယ်လိုခံယူထားတာမျိုးရှိမလဲ။

အင်း ဂရပ်ဖတီသမားအစစ်မဟုတ်ဘူး။ ဟိုဟာပေါ့နော်၊ ကျွန်တော်က ပန်းချီဆွဲတယ်၊ ပန်းချီဆရာတစ်ယောက်ပေါ့။ ပန်းချီဆရာလည်းမဟုတ်သေးပါဘူး၊ ကျွန်တော်က ချာတိတ်ပေါ့။ ကျွန်တော်ငယ်ငယ်ကတည်းက ကျွန်တော် ဟိုဟာပေါ့နော်၊  Fine Art နဲ့ပက်သတ်တာတွေ လေ့လာခဲ့တယ်။ အဖေကလည်း ကျွန်တော့်ကိုပန်ချီနဲ့ပတ်သတ်တဲ့ အခြေခံတွေသင်ပေးတယ်။ အဓိကတော့ ကျွန်တော့်ရဲ့အရင်ကတည်းက ရည်ရွယ်ချက်ကတော့ ဒီပုံဆွဲမယ်။ ကျွန်တော် ပုံကောင်းကောင်း ဆွဲတတ်ချင်တယ်။ တစ်ချိန်က ကျွန်တော့် ဘဝကလမ်းပေါ်မှာနေခဲ့ရတဲ့အချိန်တုန်းကဆိုရင်တော့ ကျွန်တော့်အတွက်က Gallery ဆိုတာ မရှိဘူး။ အဲ့ဒီတော့ ကျွန်တော့်ရဲ့အနုပညာတွေကို ကျွန်တော်လမ်းပေါ်မှာပြသခဲ့တယ်။ Graffiti Artist လို့လည်း ဟိုဟာ ပြောရရင်ကျွန်တော်က Street Artist ပါ။ လမ်းပေါ်မှာ ကျွန်တော်ရှင်သန်လာခဲ့တယ်။ ဟို Street Life ဆိုတာ ခက်ခဲတယ်ဆိုတာကို ကျွန်တော် ကောင်းကောင်းကြီးကိုနေခဲ့ပြီးမှ ဒီ Street Artist ဖြစ်လာခဲ့တာ၊ ဒီလိုမျိုးကျွန်တော်တို့ ဟိုလိုမျိုး သတ်မှတ်တာတွေ မသတ်မှတ်တာတွေဆိုတာကျတော့ ဒါ ကျွန်တော့်ကို သတ်မှတ်တဲ့သူတွေရဲ့အပိုင်းပေါ့နော်။ ကိုယ့်ကိုကိုယ်တော့ ကျွန်တော်ကတော့ Artist တစ်ယောက်အနေနဲ့ပဲ သတ်မှတ်တယ်။ Artist က ကြိုက်တာလုပ်လို့ရတယ်။

ဟုတ်ကဲ့ပါ နံပါတ်(၂)မေးခွန်းကတော့ မိသားစုမေးခွန်းလေးပေါ့။ အနာဂတ်မှာပေါ့ ကိုယ်ပိုင်မိသားစု စိတ်ကူးပုံစံလေး ရှိမယ်ဆိုရင် ဘယ်လိုပုံစံမျိုးဖြစ်မလဲ။

ကျွန်တော် ကိုယ်ပိုင်မိသားစုကတော့ မှန်းတောင် မမှန်းနိုင်သေးဘူး။ ဟိုဟာပေါ့နော်.. ဒါပေမယ့် အေးအေးဆေးဆေး ကျွန်တော်နေချင်တယ်။ ကျွန်တော် Peace ပေါ့နော်။ အသက်ကြီးလာရင် ကျွန်တော် အေးအေးဆေးဆေးလေး ကျွန်တော်နေချင်တယ် အဲ့ဒီဟာပေါ့။

ဟုတ်.. ဒီအာကာကျော်အတွက်ပေါ့ အမြဲလိုအပ်တဲ့အရာတစ်ခုကဆို ဘာဖြစ်မလဲ။

အမြဲတမ်းလိုနေတာဆို...ခဏလေး ကျွန်တော်စဉ်းစားလိုက်အုံးမယ်။

အများကြီးဖြစ်နေတာလား။

အများကြီးပဲ လိုအပ်တာတွေ အများကြီးပဲ။ အင်း ဟိုဟာပေါ့။ ကျွန်တော်အတွက် တကယ်အမြဲတမ်း လိုအပ်တဲ့အရာကတော့ ကျွန်တော့်မိသားစုရယ၊ ကျွန်တော်ချစ်တဲ့သူတွေရယ်ပေါ့နေ်ာ။ ကျွန်တော့်အသိုင်းအဝိုင်း မိဘ၊ ကျွန်တော် အမြဲတမ်း ကျွန်တော်ဘာလုပ်လုပ် မမုန်းတဲ့သူတွေ ရှိတယ်ဗျာ။ အဲ့ဒီလူတွေ အမြဲတမ်းလိုအပ်တယ်။ အဲ့ဒီလူတွေရဲ့ အားတွေနဲ့ပဲ ကျွန်တော်အလုပ်တွေဆက်လုပ်နိုင်မယ်။  ဟုတ်ကဲ့။

ဟုတ်ကဲ့...နံပါတ်(၄)မေးခွန်းကကြတော့ ဒီ အာကာကျော် Street Artတွေ ချပြခဲ့တယ်။ အချိန်အကြာကြီး ချပြခဲ့တဲ့အချိန်ကစပြီးတော့ အခုအချိန်ထိ King is King လောက်အထိပေါ့။ အဲ့ဒီလိုအချိန်မှာ ဒီလိုတိုက်ခိုက်ခဲ့တာတွေ တောက်လျှောက်ရှိခဲ့တယ်ပေါ့။ ဖျက်စီးခံခဲ့ရတာတွေ တောက်လျှောက်ရှိခဲ့တယ်။ အဲ့ဒါတွေက အဓိကစိန်ခေါ်မှုတွေဖြစ်မလား။

ဟိုဟာပေါ့ ဒီ အိုဘားမားပုံဆွဲတုန်းကဆိုရင် ပိုပြောကြတယ်။ အိုဘားမားပုံဆွဲတုန်းကဆိုရင် မြန်မာနိုင်ငံအတွက် အကြီးစား အရှက်တွေ စောက်ရှက်တွေ အဲဒီလိုမျိုးတွေ ကျွန်တော့်ကိုပြောတယ်။ ဒီ အဆိုတော်ကြီးတွေတောင် ပြောတယ်။ အဲဒီတော့လေ ဟို ကျွန်တော်က စိတ်တော့နည်းနည်း အားငယ်သွားတာပေါ့။ ဒါပေမယ့် ကျွန်တော် နိုင်ငံတကာပွဲတွေသွားတယ်။ နိုင်ငံတကာက လူတွေကသိတယ်။ သူတို့ကတော့ လက်ခံတယ်။ ဟာ ဒါ ဟိုဟာဖြစ်တယ်။  King is King နဲ့ပက်သတ်တာကျတော့ King is King ဆိုတာ ကျွန်တော်က  ကျွန်တော် ရည်ရွယ်ထားတဲ့ ရည်ရွယ်ချက်က လူတိုင်း အစ်မဆိုလည်း အစ်မဘဝမှာဘုရင်ပဲ။ အားလုံးကတော့လူတိုင်း ကြိုးစားနေတဲ့လူတိုင်းက ဘုရင်ပဲ။ အဲ့ဒါကို  ကျွန်တော်ကိုယ်စားပြုပြီးတော့  ကျွန်တော်  King is King ဆိုတာ လူတိုင်းအတွက်ရည်ရွယ်ချက်နဲ့ရေးတာ။ အဲဒါကိုလည်း ဒီလိုမျိုး ကျွန်တော်ကြားရတယ်ပေါ့နော်။ ပုတ်ခတ်လာတာတွေတွေ့ခဲ့တယ်ပေါ့။ ဟို ဒါတော့ အဓိကကတော့ အဲဒီအပေါ်လည်း ကျွန်တော်တို့က ဟိုဟာဖြစ်လို့လည်းမရဘူးလေ။ ဒီခြေနေအထိလျှောက်လာခဲ့ပြီးမှတော့ ကိုယ်ဘာသာကိုယ်ဆက်သွားနေတာပဲ။ ကျွန်တော်ကတော့ ကျန်တဲ့အပိုင်းတွေကတော့ ဂရုစိုက်နေလို့လည်းမရဘူး။ အဓိကကတော့ Thinking မတူဘူးဗျ။ Thinking မတူတဲ့လူတွေနဲ့တော့ ကျွန်တော်လိုက်ပြီး ရင်မဆိုင်တော့ဘူး။ ကိုယ့်ဘာသာကိုယ် ရှေ့ဆက်သွားတယ်။

ဟုတ်ကဲ့ပါ။ ဒါကတော့ YOPEရဲ့နောက်ဆုံးမေးခွန်းပေါ့နော်။ အာကာကျော်က ဒီ မြို့တစ်မြို့ကိုသာပေါ့၊ ကိုယ်ပိုင်ကျွမ်းကျင်တဲ့ Street Art ပညာနဲ့ ဖန်တီးခွင့်ရမယ်ဆိုရင် အဲ့ဒီမြို့ကို ဘယ်လိုပုံစံဖန်တီးချင်လဲ။

အဲဒီမြို့ကိုကျတော့ ဥပမာ မြို့တွေကတော့ မြို့တစ်မြို့နဲ့တစ်မြို့မတူဘူး။ ကျွန်တော် တကယ်တမ်း ဖန်တီးချင်တဲ့မြို့တွေ၊ ပုံစံတွေလည်းရှိတယ်။ ဒါပေမယ့် အရင်ဆုံး မြို့တစ်မြို့ရဲ့ Culture တွေ လေ့လာမယ်။ အဲ့ဒီမြို့ရဲ့လူတွေဘယ်လိုမျိုးတွေ ကြိုက်လည်းလေ့လာမယ်။ အဲ့ဒီဟာပြီးမှ အဲ အဲဒီဟာတွေအပေါ် မူတည်ပြီးတော့ ကျွန်တော် အနုပညာကို အဲဒီမှာရှိတဲ့ လူငယ်တွေနဲ့ပေါင်းပြီး ဖန်တီးမယ်။ ဒီကမြို့ရဲ့ပုံစံနဲ့လည်း မူတည်တယ်ဗျ။ ဟို ကိုယ်ဆွဲချင်တဲ့ ဟိုဟာ ကျွန်တော်က ကိုယ်ဆွဲချင်တဲ့မြို့တစ်မြို့ရဲ့ပုံစံကိုကြည့်ပြီးတော့ မြို့ရဲ့တည်ဆောက်ပုံတွေ၊ ဒီမြို့ရဲ့ Infrastructure တွေ၊ လမ်းတွေ၊ အိမ်တွေ၊ ဥပမာ တောင်ကုန်းမြို့ဆိုရင် တောင်ကုန်းမှာ အိမ်တွေအများကြီးထပ်ထားမယ်။ ဟိုးအဝေးကကြည့်လိုက်ပြီဆိုရင် ဒီပုံတစ်ပုံဖန်တီးလို့ရတယ်။ ဘရာဇီးတို့ဘာတို့မှာ အဲဒီလိုမျိုးပုံစံမျိုးတွေပေါ့။ ဒါကတော့ အတိကျပြောပြလို့မရဘူး။ မြို့အပေါ်မူတည်ပြီးဖန်တီးသွားမယ်ပေါ့။

ဟုတ်ကဲ့ပါ။  မေးခွန်း(၅)ခုကို စိတ်ရှည်လက်ရျည်နဲ့ဖြေပေးတဲ့အတွက် အာကာကျော်ကို ကျေးဇူးအများကြီးတင်ပါတယ်။

ဟုတ်ကဲ့။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly