ဂျိုလီနှင့် ကွာရှင်းပြီးနောက်ပိုင်း အရက်ဖြတ်၍ ကုထုံးများဖြင့် ကုသမှုခံယူနေကြောင်း ဘရက်ပစ်ပြော

ဂျိုလီနှင့် ကွာရှင်းပြီးနောက်ပိုင်း အရက်ဖြတ်၍ ကုထုံးများဖြင့် ကုသမှုခံယူနေကြောင်း ဘရက်ပစ်ပြော
 

ဟောလိ၀ုဒ်မင်းသား ဘရက်ပစ်က သူသည် ဂျိုလီနှင့်ကွာရှင်းပြီးနောက်ပိုင်း အရက်ဖြတ်လိုက်ပြီဖြစ်ကြောင်းနှင့် ကုထုံးများဖြင့်လည်း ကုသမှုခံယူနေကြောင်းကို GQ Style နှင့်ပြုလုပ်ခဲ့သော အင်တာဗျူး၌ ပြောကြားခဲ့ပြီး သူ၏ကွာရှင်းမှုအကြောင်းနှင့် နောက်ဆက်တွဲအခြေအနေများကို ပထမဦးဆုံးအနေဖြင့် လူသိရှင်ကြား ဖွင့်ဟပြောဆိုခဲ့သည်။

“ကျနော် ကုထုံးများဖြင့် ကုသမှုစတင်ခံယူနေပါတယ်။ ကျနော်ကြိုက်ပါတယ်။ တကယ့်ကိုကြိုက်ပါတယ်။ အခု ဆိုရင် ပုံမှန်အခြေအနေပြန်ရောက်အောင် ကုထုံး ၂ခုဖြင့် ကုသပြီးပြီဖြစ်ပါတယ်” ဟု ဘရက်ပစ်ကပြောခဲ့သည်။

သူသည် အတိတ်တုန်းက အရက်အလွန်သောက်ခဲ့ကြောင်း ဆေးခြောက်သုံးစွဲခဲ့ကြောင်း ၀န်ခံခဲ့ပြီး အခြားသူ များနှင့်လည်း အဆက်အသွယ်မလုပ်ခဲ့ကြောင်း ပြောခဲ့သည်။

လွန်ခဲ့သော ၂၀၁၆ခုနှစ် စက်တင်ဘာလက အင်ဂျလီနာဂျိုလီသည် ဘရက်ပစ်နှင့် ကွားရှင်းပြတ်ဆဲတော့မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ သူတို့စုံတွဲသည် လွန်ခဲ့သော ၂၀၀၄ ခုနှစ်ကတည်းက လက်တွဲခဲ့ကြပြီး ၂၀၁၄ ခုနှစ်တွင် လက်ထပ်ခဲ့ခြင်းဖြစ်သည်။

ကွားရှင်းကြောင်းကြေညာခဲ့အပြီးတွင် ကလေးများကိုထိန်းသိမ်းခွင့်နှင့် ပက်သက်၍ ၄င်းတို့နှစ်ဦးသည် တရားရုံး ၌ အချေအတင်ဖြစ်ခဲ့ကြသေးသည်။ ဘရက်ပစ်သည် ဒေါသဖြစ်သည့်အချိန်တွင် ကလေးများကိုနှိပ်စက်လေ့ရှိ ကြောင်း စွပ်စွဲခံခဲ့ရသောကြောင့် စုံစမ်းစစ်ဆေးခံခဲ့ရပြီး ထို့နောက်တွင် စွပ်စွဲချက်များကို ရှင်းလင်းနိုင်ခဲ့သည်။

မင်းသားဘရက်ပစ်က ယခုအခါတွင် သူသည် အရက်အစား ဘယ်ရီသီးဖျော်ရည်နှင့် အမြှုပ်ထွက်သော အချို ရည်များကို အစားထိုးသောက်သုံးနေကြာင်း ပြောခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags