ငါးသလောက် ဖမ်းဆီးရရှိမှု ပမာဏ ရဆထိ မြင့်တက်လာ

ငါးသလောက် ဖမ်းဆီးရရှိမှု ပမာဏ ရဆထိ မြင့်တက်လာ

ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ဖြစ်တဲ့ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ ငါးသလောက်ငါးဖမ်းဆီးရရှိမှု ဟာရှေ့တစ်နှစ်ထက် ပမာဏ (၇)ဆ လောက်ပိုမိုရရှိခဲ့တယ်လို့ မြန်မာနိုင်ငံပင်လယ်ငါးဖမ်းအသင်းရဲ့ အတွင်းရေးမှူး ဦးကျော်နိုင်ကပြောပါတယ်။

"ငါးတစ်ဦးချင်းအနေနဲပြောရင် ဒီတစ်နှစ် ငါးသလောက်အများဆုံးပေါ့။ ငါးသလောက်က ၂၀၁၅-၁၆ နဲ့ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်ထဲမှာဆိုရင် ၂၀၁၅/၂၀၁၆ ထက် ၂၀၁၆/၂၀၁၇ က ငါးပိဿချိန် သိန်း ၆၀ ကျော် ရ၀ နီးနီးရောက်သွားပြီ။ မနှစ်ကထက် အဆ (၇)ဆလောက် များသွားတာပေါ။့"လို့ မြန်မာနိုင်ငံပင်လယ်ငါးဖမ်းအသင်း၊ အတွင်းရေးမှုး ဦးကျော်နိုင်က ပြောပါတယ်။

ပြည်ပတင်ပို့မှု ဆက်တိုက်ကျဆင်းနေတဲ့ ငါးသလောက်ငါးဟာ ၂၁၀၅-၂၀၁၆ ဘဏ္ဍာနှစ်မှာတော့ ရေထွက်ပစ္စည်း ပြည်ပတင်ပို့မှု ထိပ်တန်းငါးအမျိုးအစား(၁၀) မျိုးထဲမှာနံပါတ် (၆) အဆင့်ရှိခဲ့တာပါ။

သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်မတိုင်ခင်အထိငါးသလောက်ငါး ပြည်ပတင်ပို့မှုဟာအများဆုံးဖြစ်ခဲ့ပြီးအဲဒိနောက်ပိုင်းမှာ ပြည်ပတင်ပို့မှု တဖြည်းဖြည်းကျဆင်းခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာငါးသလောက်ဖမ်းဆီးရရှိမှုများပြားခဲ့တာကြောင့် ပြည်ပတင်ပို့မှုကလည်း အိမ်နီးချင်းနိုင်ငံများနည်းတူ နိုင်ငံခြားစျေးကွက်တွေကို ပိုမိုတင်ပို့နိုင်ဖို့ မျှော်လင့်တယ်လို့ အတွင်းရေးမှူး ဦးကျော်နိုင်ကပြောပါတယ်။

မြန်မာနိုင်ငံပင်လယ်ငါးဖမ်းအသင်း၊ အတွင်းရေးမှူး ဦးကျော်နိုင်က "မားကတ်ထဲမှာ တရုတ်စျေးကွက်ရယ် မလေးရှားစျေးကွက်ရယ်မှာက စတော့တွေထားထားရတယ်။ စျေးကြီးလို့ ပြီးတော့ ၂၀၁၅/၁၆ မှာဘင်္ဂလားဒေရ်ှကလည်း ငါးသလောက်အများကြီးတင်တယ်။ အိန္ဒိယကလည်းငါးသလောက် အများကြီးတင်သွားတယ်။ အဲတော့ သူတို့နဲ့ ယှဉ်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံကနည်းခဲ့တယ်။ ဒါပေမယ့် ဒီတစ်နှစ်ကတော့ကျော်မှာပါ ဒီတစ်နှစ်က ၂၀၁၆/၁၇မှာငါးသလောက် ပိဿာချိန် သိန်း (၆၀) ကျော် (၇၀) နီးနီးတင်သွားပြီမာကတ်ကတော့ ဒီတစ်နှစ် ငါးသလောက်များတယ်။"လို့ ဆိုပါတယ်။

မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်ကတော့ ငါးသလောက် ပြည်ပတင်ပို့မှု ပြန်လည်တိုးတက်လာတယ်လို့ ဆိုပါတယ်။

"ပျောက်နေတဲ့ ငါးသလောက်ကဒီနှစ်မှ ထူးထူးကဲကဲလာပြီး သိန်း(၆၀) ကျော်လောက်လာမိနေတဲ့ သဘောရှိပါတယ်။ နိုင်ငံခြားကိုလည်းပို့နိုင်တဲ့အတွက်ကြောင့် ဒီတစ်ခေါက် ငါးသလောက် အိ်တ်စပို့ကလည်းတက်လာတဲ့သဘောရှိပါတယ်။"လို့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊ အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောပါတယ်။

အရင်နှစ်တွေကငါးသလောက် ဖမ်းဆီးမှု နည်းပါးခဲ့တာကြောင့် ပြည်တွင်းစျေးကွက်မှာတစ်ပိသာကို ရ၀၀၀ ကျပ်ဝန်းကျင်ရရှိခဲ့ပေမယ့် အခုနှစ်မှာတော့ ငါးသလောက်တစ်ပိသာကို ၅၂၀၀ ကျပ်လောက်ရရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရေထွက်ပစ္စည်းပြည်ပတင်ပို့မှုအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၆-၁၇ ဘဏ္ဍာ နှစ်မှာ တန်ချိန် လေးသိန်းလေးသောင်းခန့် တင်ပို့နိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆၀၅ သန်းရရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ်ဖြစ်တဲ့ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ပင်လယ်ပြင်ငါးဖမ်းဆီးမှုကိုမေလကနေ ဇူလိုင်လအထိရပ်နားထားပြီး အဲဒီ့လတွေအတွင်း ၃၀ ရာခိုင်နှုန်းသာဖမ်းဆီးနိုင်တယ်လို့ မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာနက သတ်မှတ်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly