တရုတ်ပေါ်လစီ ကိုထောက်ခံ သည့်ကျောင်းသုံးပြဋ္ဌာန်း စာအုပ်များကို ဆန့်ကျင်သည့်အနေဖြင့် ထိုင်ဝမ်ကျောင်းသားရာပေါင်းများစွာ ပညာရေးဝန်ကြီး ဋ္ဌာနပရဝုဏ် အတွင်းဒေါသတကြီး ၀င်ရောက် ဆန္ဒပြ

တရုတ်ပေါ်လစီ ကိုထောက်ခံ သည့်ကျောင်းသုံးပြဋ္ဌာန်း စာအုပ်များကို ဆန့်ကျင်သည့်အနေဖြင့် ထိုင်ဝမ်ကျောင်းသားရာပေါင်းများစွာ ပညာရေးဝန်ကြီး ဋ္ဌာနပရဝုဏ် အတွင်းဒေါသတကြီး ၀င်ရောက် ဆန္ဒပြ

တိုင်ပေ၊ ဇူလိုင် ၃၁ ။    ။ ပေကျင်း၏ တရုတ်တစ်နိုင်ငံပေါ်လစီကို အဆင့်မြင့်တင်ရန် ရည်ရွယ်ထားသည် ဆိုသည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များနှင့် ပတ်သက်၍ တရုတ်ဆန့်ကျင်မှုများ အရှိန်မြင့်လျက်ရှိစဉ် ယခုသီတင်းပတ်အစောပိုင်းက အမျိုးသားတစ်ဦးကိုယ့်ကိုယ်ကိုယ်သတ်သေပြီးနောက် ကျောင်းသားရာပေါင်းများစွာသည် ပညာရေးဝန်ကြီးဋ္ဌာနပရဝုဏ်အတွင်းသို့ ဒေါသတကြီး ဝင်ရောက်ကာ ဆန္ဒပြခဲ့ကြ သည်။

ကျောင်းသား၇၀၀ခန့်သည် ဝန်ကြီးဋ္ဌာနပတ်ပတ်လည်ရှိ အတားအဆီးများကို ကျော်တက်ခဲ့ကြပြီး ဇူလိုင် ၃၁အစောပိုင်းတွင် ကျောင်းသား ၂၀၀ခန့်ကပညာရေးဝန်ကြီးဋ္ဌာနဝင်းအတွင်း စခန်းချကာ ပညာရေး ဝန်ကြီးနှင့် တွေ့ဆုံရန် တောင်းဆိုခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။ "ကျောင်းသားတွေကို မဖယ်ရှားဖို့ ကျွန်တော်တို့အမိန့်ရထားပါတယ်"ဟု ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။

လွန်ခဲ့သည့်လ အနည်းငယ်အတွင်း လှုပ်ရှားတက်ကြွသည့်လူငယ်များသည် အစိုးရ၏ ပေကျင်းလိုလားသော ရပ်တည်ချက်ကို ဆန့်ကျင်သည့်အနေဖြင့် လမ်းမများပေါ်စုစည်းခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင်များကို လုံးထွေးတွန်တိုးကာ အစိုးရရုံးများအတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။ ဆန္ဒပြမှုများက တရုတ်ဆိုသည်ထက် ထိုင်ဝမ်ဆိုသည့် ကိုယ်ပိုင်အမှတ်လက္ခဏာကို ပိုမိုလိုလားသည့် ထိုင်ဝမ်လူငယ်များကြား အမျိုးသားရေးဝါဒ မြင်းမားလာခြင်းကို ဖော်ပြလျက်ရှိသည်။

Sunflower Movement ဆန့်ကျင်လှုပ်ရှားမှုက လွတ်လပ်ရေးကိုလိုလားသည့် ပါတီတစ်ခုမှ သမ္မတလောင်းတစ်ဦးကို မဲပေးခြင်းဖြင့် ဇန်နဝါရီလတွင်ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲ၏ ရလဒ်ကို အဆုံးအဖြတ်ပေးမည့်ဟန်ရှိသည်။

လွန်ခဲ့သည့်သီတင်းပတ်က အလားတူဆန္ဒပြမှုများအပြီး ဖမ်းဆီးခံရသော အမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကိုယ်သတ်သေမှုကို တုံ့ပြန်သည့်အနေဖြင့် နောက်ဆုံးဆန္ဒပြမှုကို ဇူလိုင် ၃၀နေ့နောက်ပိုင်းက ပညာရေးဝန်ကြီးဋ္ဌာနရုံးရှေ့တွင် စတင်ခဲ့သည်။

အထက်တန်းကျောင်းသုံးပြဋ္ဌာန်းစာအုပ်များကို ပြင်ဆင်တည်းဖြတ်မှုများသည် သမိုင်းကို ပုံဖျက်ကာတရုတ်ကို ဘက်လိုက်ထားခြင်းဖြစ်ပြီးတရုတ်တစ်နိုင်ငံပေါ်လစီကို လက်ခံရေး ဦးနှောက်ဆေးပေးခြင်းဖြစ် သည်ဟု ကျောင်းသားများက ပြောသည်။ ထိုင်ဝမ်သည် ၎င်း၏ သင်းကွဲပြည်နယ်တစ်ခုအဖြစ်မှတ်ယူထားပြီး ၎င်း၏ထိန်းချုပ်မှုအောက်သို့ရောက်ရှိရေး အင်အားအသုံးပြုခြင်း ကိုဘေးဖယ်ထားခြင်းမရှိ ဟုပြောကြားထားသည်။

နိုင်ငံရေးဆွေးနွေးပွဲများမရှိသေးဘဲ၊ နှစ်ဖက်စလုံးတွင် သံသယများရှိနေသော်လည်း တရုတ်လိုလားသော Nationalist Party ပါတီမှ သမ္မတမာယင်ကျိုးသည် တရုတ်နှင့် ကုန်သွယ်ရေး၊ စီးပွားရေးစာချုပ် များစွာ လက်မှတ်ရေးထိုးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly