လစာထုတ်တဲ့နေ့မှာ ဘာလုပ်ကြမှာလဲ

လစာထုတ်တဲ့နေ့မှာ ဘာလုပ်ကြမှာလဲ

ဟိုင်း ကျွန်မ ဝေဝေပါ။

မကြာခင်က လစာထုတ်ထားတာဆိုတော့ သူငယ်ချင်းတို့ လက်ထဲပိုက်ဆံတွေ အများကြီး ရှိနေမှာပေါ့။ ဒီတော့ ပိုက်ဆံအများကြီးရှိတဲ့အခါ ယောကျ်ားလေးတွေက ဘာတွေ လုပ်တက်လဲဆိုတာကို မိန်းကလေးတွေကို မေးထားပြီးတော့ မိန်းကလေးတွေက ဘာတွေဝယ်ပြီး ဘာတွေ လုပ်တက်လဲဆိုတာကိုလည်း ယောကျ်ားလေးတွေကို မေးပေးထားပါတယ်။ ကြည့်ကြည့်ပေးပါဦး။

“သူတို့လက်ထဲမှာ ပိုက်ဆံတွေ ရှိမယ်ဆိုရင်ပေါ့ လျှောက်သွားမယ်။ အများဆုံးကတော့ စားဖို့များတယ်။ အလှကုန်ဝယ်တယ်ဆိုတာကလည်း စားဖို့က သူတို့ခေါင်းထဲမှာ အများဆုံးပဲ။ နံပါတ်တစ်က စားဖို့ပဲ။ လျှောက်သွားမယ် လျှောက်စားမယ် အဲတာသူတို့ နံပါတ်တစ်ဦးစားပေးပဲ။ ၀ယ်ဖို့ကတော့ အဲလောက်မဟုတ်ဘူး။ အစားက သူတို့အတွက် အရေးအကြီးဆုံးပဲ။”

“ယောက်ျားလေးတွေ လက်ထဲမှာ လစာထုတ်ပြီးတော့ ပိုက်ဆံတွေ အများကြီးရှိနေမယ်ဆိုရင်ပေါ့။ အခု အရမ်းပေါ်ပြုလာဖြစ်နေတဲ့ ဘား သွားမှာပေါ့နော်။ ကောင်မလေးတွေနဲ့ ကလို့ရမယ်ပေါ့။”

“သူတို့ကတော့ မုန့်တွေ ဘာတွေလျှောက်စားမှာပေါ့။ လျှောက်ဝယ်မယ်။ အကျင်္ီတွေဘာတွေ ၀ယ်မယ်ထင်တာပဲ။”

“သူငယ်ချင်းတွေနဲ့ စုပြီးတော့ ဘီယာတွေ သွားသောက်မယ်လို့ထင်တယ် အပျော်အပါးတွေပေါ့နော် အဲလိုမျိုးတော့ ထင်ပါတယ်ရှင့်။”

“ကျွန်တော်ထင်တာကတော့ အလှကုန်ပစ္စည်းနဲ့ အဝတ်အစားပေါ့ အဲတာတွေဝယ်မယ်ထင်ပါတယ်။”

“ယောကျ်ားလေးတွေ လစာထုတ်ရင်ပေါ့ သူတို့ကြိုက်တဲ့ ဘောလုံးအကျႌတွေ ဘောလုံးဘောင်းဘီတွေ ဝယ်မယ်ထင်ပါတယ်။”

“မိန်းကလေးတွေအနေနဲ့ လစာထုတ်ပြီးမယ်ဆို အလှကုန်ပစ္စည်းတွေ ရေမွေးတွေဝယ်မယ်။ လိုးရှင်းတွေ ဝယ်မယ်။”

“ကဲ ကျွန်မရဲ့ သူငယ်ချင်းတွေကတော့ လစာထုတ်ပြီးတော့  ပိုက်ဆံအများကြီးရှိတဲ့အခါ သူတို့ ဘာတွေလုပ်ကြမလဲဆိုတာကိုတော့ အခုလိုပဲ ပြောပြသွားခဲ့ကြတာပါ။ သူငယ်ချင်းတို့ကရော ပိုက်ဆံအများကြီးရှိတဲ့အခါ ဘာတွေ လုပ်ကြမှာလဲ။”

https://www.facebook.com/yopemyanmar/videos/1879510702309287/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags