သားယောင်္ကျားလေးမွေးဖွားအပြီးတွင် ဂီတလုပ်ငန်းများ ပြန်လည်စတင်တော့မည့် ဂျာနက်ဂျက်ဆန်

သားယောင်္ကျားလေးမွေးဖွားအပြီးတွင် ဂီတလုပ်ငန်းများ ပြန်လည်စတင်တော့မည့် ဂျာနက်ဂျက်ဆန်

သားဦးလေးမွေးဖွားခဲ့သောကြောင့် အချိန်အတော်ကြာ အနားယူနေခဲ့သော အဆိုတော်ဂျာနက်ဂျက်ဆန်က သူမသည် အမေရိကန်နှင့် ကနေဒါနိုင်ငံတို့တွင် ကျင်းပမည့် သူမ၏ နယ်လှည့်ဖျော်ဖြေပွဲများကို ပြန်လည်စတင် တော့မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ပရိသတ်များအတွက် ပြုလုပ်ခဲ့သည့် ဗီဒီယို သတင်းစကားတွင် ပေါ့ပ်အဆိုတော်သူမက မီဒီယာများအထက်၌ ဖော်ပြနေသော သူမနှင့် ခင်ပွန်းဖြစ်သူ ကာတာစီးပွားရေးသမား ၀တ်စ်ဆမ်အယ်လ်မာနာတို့ လမ်းခွဲလိုက်ပြီ ဆိုသော မေးခွန်းများနှင့်ပက်သက်၍ “ ဟုတ်ပါတယ်။ ကျမရဲ့ ခင်ပွန်းဖြစ်သူနဲ့ လမ်းခွဲလိုက်ပါပြီ။ ကျမတို့ တရား ၀င် ကွာရှင်းဖို့ တရားရုံးမှာ ရင်ဆိုင်သွားမှာဖြစ်ပြီး ကျန်တာတွေကတော့ ဘုရားရဲ့အလိုတော်ကျပဲပေါ့” ဟု ဖြေခဲ့ သည်။

အသက် ၅၀ အရွယ်ရှိ ဂျက်ဆန်က သူမတို့စုံတွဲသည် မိသားစုဘဝလေးကို စတင်တော့မည်ဖြစ်တာကြောင့် Unbreakable ဟုအမည်ပေးထားသည့် နယ်လှည့်ဖျော်ဖြေပွဲကို ရက်ရွှေ့ဆိုင်းလိုက်ကြောင်း   ပြီးခဲ့သောနှစ်က ကြေညာခဲ့သည်။ သူမသည် သားဦးလေး အိုက်ဆာကို လွန်ခဲ့သော ဇန်နဝါရီလတွင် ဖွားမြင်ခဲ့သည်။

“ကျမကတိပေးထားတဲ့အတိုင်း ကျမရဲ့နယ်လှည့်ဖျော်ဖြေပွဲတွေကို ဆက်လုပ်သွားမှာပါ။ ကျမ စိတ်လှုပ်ရှားမိ ပါတယ်” ဟု အဆိုတော် သူမက တွစ်တာသို့တင်ခဲ့သော ဗီဒီယိုထဲ၌ ပြောကြားခဲ့ပြီး စိတ်ရှည်သည်းခံကာ အားပေးကြသည့် ပရိသတ်များကို ကျေးဇူးတင်ကြောင်းပြောခဲ့သည်။

“ကျမရဲ့ နယ်လှည့်ဖျော်ဖြေပွဲ ခေါင်းစဉ်ကိုပြောင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ State of the World လို့ ပြောင်း လိုက်ပါပြီ” ဟု သူမက ဖြည့်စွက်ပြောကြားခဲ့သည်။

ဂျက်ဆန်မိသားစုထဲတွင် အငယ်ဆုံးကလေးဖြစ်ပြီး ဂရမ်မီဆုများဆွတ်ခူးထားသော အဆိုတော်ဖြစ်သည့် ဂျာနက်ဂျက်ဆန်က သူမ၏ ပရိသတ်များနှင့် ပြန်လည်တွေ့ဆုံရန် စိတ်လှုပ်ရှားနေပြီး လာမည့် စက်တင်ဘာ ရရက်နေ့အထိ မစောင့်နိုင်တော့ကြောင်း ပြောခဲ့သည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly