နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဘယ်လ်ဂျီယံဝန်ကြီးချုပ်တို့ တွေ့ဆုံ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဘယ်လ်ဂျီယံဝန်ကြီးချုပ်တို့ တွေ့ဆုံ

မေ ၂ ။         ။ ဘယ်လ်ဂျီယံနိုင်ငံ ဘရက်ဆဲလ်မြို့မှာ ရောက်ရှိနေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ယနေ့ မေလ ၂ ရက်မှာ ဘယ်လ်ဂျီယံ ၀န်ကြီးချုပ် Charles Michel နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ယင်းမတိုင်မီကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်လ်ဂျီယံဘုရင် Philippe နဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အီးယူ ဌာနချုပ်၊ ဘယ်လ်ဂျီယံ၊ အီတလီနဲ့ ဗြိတိန်နိုင်ငံတို့ကို တရားဝင်ခရီးသွားရောက်ဖို့အတွက် ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်ညပိုင်းက ရန်ကုန်မြို့ကနေ လေကြောင်းခရီးနဲ့ ထွက်ခွာခဲ့ပြီး မေလ ၁ ရက်မှာပဲ ဘရက်ဆဲလ်မြို့ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly