နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဘယ်လ်ဂျီယံ ဘုရင် နှင့်တွေ့ဆုံ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဘယ်လ်ဂျီယံ ဘုရင် နှင့်တွေ့ဆုံ

မေ ၂ ။             ။ ဘယ်လ်ဂျီယံ နိုင်ငံ ဘရက်ဆဲလ်မြို့မှာ ရောက်ရှိနေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ယနေ့ မေလ ၂ ရက်မှာပဲ ဘယ်လ်ဂျီယံ ဘုရင် Philippe နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တော်ဝင် နန်းတော်မှာ ဘယ်လ်ဂျီယံ ဘုရင် Philippe က ကြိုဆိုခဲ့ပါတယ်။

အလားတူ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်လ်ဂျီယံ ၀န်ကြီးချုပ် အပါအဝင် ဥရောပသမဂ္ဂ အီးယူ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။

 နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ယခုခရီးစဉ်မှာတော့ ဘယ်လ်ဂျီယံ၊ အီတလီနဲ့ ဗြိတိန် သုံးနိုင်ငံတို့ကို သွားရောက်မှာဖြစ်ပြီး ယမန်နေ့ မေလ ၁ ရက်က ဘရက်ဆဲလ်မြို့ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly