မေလ ၁၀ ရက်နေ့တွင် သီချင်းခွေသစ် ထွက်ရှိမည်ဟု Psy ကြေညာ

မေလ ၁၀ ရက်နေ့တွင် သီချင်းခွေသစ် ထွက်ရှိမည်ဟု Psy ကြေညာ

 မေ ၂ ။            ။ Gangnam Style သီချင်းဖြင့် ကမ္ဘာတစ်ဝန်း လူသိများခဲ့သော တောင်ကိုရီးယားမှ နာမည်ကျော်အဆိုတော် Psy သည် လာမည့်မေလ ၁၀ရက်နေ့တွင် သူ၏ သီချင်းခွေသစ် ထွက်ရှိမည်ဖြစ်ကြောင်း ပြီးခဲ့သော တနင်္လာနေ့က ကြေညာခဲ့သည်။

အသက် ၃၉နှစ်အရွယ် အဆိုတော်သည် သူ၏ တရားဝင်ဝက်ဘ်ဆိုက်များနှင့် လူမှုမီဒီယာစာမျက်နှာများ၌ သူ၏ ကာတွန်းပိုစတာကိုတင်၍ ရှစ်ကြိမ်မြောက်အယ်လ်ဘမ် ထွက်ရှိတော့မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

“ကျွန်တော်တို့ Psy ရဲ့ အမှတ်လက္ခဏာဖြစ်တဲ့ စိတ်လှုပ်ရှားမှုတွေနဲ့ စွမ်းအင်အပြည့် တင်ဆက်ထားတဲ့ သီချင်း အသစ်တွေနဲ့ ဗီဒီယိုတွေကို မျှော်လင့်စောင့်စားနေပါတယ်” ဟု တောင်ကိုရီးယားနိုင်ငံမှ YG Entertainment က တနင်္လာနေ့တွင် ပြောခဲ့သည်။

Psy ၏ နောက်ဆုံးထွက်ရှိထားသော အယ်လ်ဘမ်မှာ "Chiljip PSY-da" ဖြစ်ပြီး လွန်ခဲ့သော ၂၀၁၅ ဒီဇင်ဘာလ က ထွက်ရှိထားခြင်းဖြစ်သည်။

Psy ၏ အမည်ရင်းမှာ ပါ့ခ်ဂျေးဆန်းဖြစ်ပြီး သူ၏ Gangnam Style သီချင်းသည် နိုင်ငံတကာ၌ ပေါက်သီချင်း ဖြစ်ခဲ့ကာ Youtube ၌ အကြိမ်ရေ ၂.၈ ဘီလီယံဖြင့် ကြည့်ရှုမှု အများဆုံး စံချိန်ချိုးထားနိုင်ပြီး အောင်မြင်မှုများစွာ ရရှိခဲ့သောကြောင့် သူ၏ နိုင်ငံတွင် အိုင်ဒေါတစ်ဦးအဖြစ် ရပ်တည်လျက်ရှိသည်။

Psy သည် အခြားနာမည်ကြီးသီချင်းများဖြစ်သော Gentleman၊ Daddy နှင့် အမေရိကန် ရက်ပ်အဆိုတော် Snoop Dog နှင့် တွဲဖက်သီဆိုထားသော Hangover တို့ကိုလည်း ထွက်ရှိထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly