လုခ်ရှောဒဏ်ရာကြီးလိမ့်မည်ဟု မော်ရင်ဟိုပြော

လုခ်ရှောဒဏ်ရာကြီးလိမ့်မည်ဟု မော်ရင်ဟိုပြော

မေ ၁၊ မန်ချက်စတာ။          ။ ဆွမ်ဆီးနှင့်တစ်ဂိုးစီသရေကျသည့်ပွဲတွင် ပွဲကစားချိန် ၈ မိနစ်၌ထွက်ခွာခဲ့ရသည့် နောက်ခံလူလုခ်ရှောကို မော်ရင်ဟိုက ဝေဖန်ခဲ့ပြီး ဒဏ်ရာကြီး၍ဖြစ်နိုင်ကြောင်း ပြောသည်။

ရှောမှာ ကွင်းအတွင်းဆေးကုသမှုခံပြီးနောက် ဗလင်စီယာနှင့်လူစားလဲခံခဲ့ရသည်။ ပွဲအပြီးတွင်မော်ရင်ဟိုက စောစောစီးစီး လူစားလဲရန်လိုသည်ဟု လုခ်ရှောကထင်လျှင် ကြီးမားသည့်ဒဏ်ရာဖြစ်နိုင်သည်ဟု ပြောသည်။

“လုခ်ရှောက ဒဏ်ရာအကြီးကြီးရသွားတာဖြစ်မယ်။ ၁၀ မိနစ်ပဲရှိသေးတယ် ကွင်းထဲကထွက်ပြီဆိုတော့ အရမ်းကြီးတဲ့ ဒဏ်ရာ ဖြစ်မယ်လို့ ကျွန်တော်ထင်တယ်”ဟု မော်ရင်ဟိုက ဆိုသည်။

ဒုတိယပိုင်းတွင်လူစားလဲလိုက်ရသည့် ဘိုင်ယီနှင့်နှင့်ပတ်သက်၍လည်း မော်ရင်ဟိုက သေချာမသိသေးကြောင်း၊ ဧပြီလအတွင်း ရှစ်ပွဲတွင် မိနစ်တိုင်းကစားခဲ့ရသူဖြစ်ကြောင်း ပြောသည်။

ယင်းနောက်တန်းကစားသမားနှစ်ဦးဒဏ်ရာရမှုကြောင့် ယူနိုက်တက်တွင် အခက်အခဲကြံုနေပြီး စမောလင်းနှင့် ဖီးလ်ဂျံုးစ်တို့သည်လည်း ပြန်ကစားနိုင်ခြင်းမရှိသေးပေ။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags