အမေရိကန်ပြည်နယ်လေးပြည်နယ်တွင် လေဆင်နှာမောင်းနှင့် မုန်တိုင်းများ တိုက်ခတ်၍ ၁၃ ဦးသေဆုံး

အမေရိကန်ပြည်နယ်လေးပြည်နယ်တွင် လေဆင်နှာမောင်းနှင့် မုန်တိုင်းများ တိုက်ခတ်၍ ၁၃ ဦးသေဆုံး

တက္ကဆက်၊ မေ ၁ ။              ။ အမေရိကန်တောင်ပိုင်းနှင့် အနောက်အလယ်ပိုင်းတွင် လေဆင်နှာမောင်းများနှင့် မုန်တိုင်းများ တိုက်ခိုက်ခြင်းကြောင့် သေဆုံးသူဦးရေသည် ဧပြီ ၃၀ ရက် ညနေပိုင်းအထိ အနည်းဆုံး ၁၃ ဦးအထိ ရှိသွားပြီဖြစ်သည်။

တက္ကဆက်၊ အာကန်ဆက်၊ မစ်ဆောရီနှင့် မစ္စစ္စပီပြည်နယ်များတွင် လူသေဆုံးမှုများ ဖြစ်ပွားကြောင်း သိရသည်။

အရှေ့ပိုင်းတက္ကဆက်တွင် အပြင်းထန်အဆိုးဝါးဆုံးဖြစ်ကာ လေဆင်နှာမောင်းများကြောင့် လူလေးဦးသေဆုံးပြီး အလွန်ပျက်စီးမှုကြီးခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။

လေဆင်နှာမောင်းကြောင့် အိမ်များ အမိုးလန်ခြင်း၊ ကားများ လွင့်ထွက်သွားသည့် ဗီဒီယိုနှင့် ဓာတ်ပုံများကို လူမှုမီဒီယာများတွင် တွေ့ရသည်။

တက္ကဆက်ပြည်နယ်က သေဆုံးသူ လေးဦးမှာ ဒဲလ်လက်စ်ခရိုင် ကန်တွန်မြို့တွင် ဖြစ်ပြီး ယင်းအရပ်တွင် ဒဏ်ရာရသူပေါင်းက ၅၀ ကျော်ထက်မနည်းရှိကြောင်း ကန်တွန်မီးသတ်ဌာနက ပြောသည်။

“တကယ်နှလုံးကြေကွဲ စိတ်မကောင်းစရာပါပဲ။”ဟု မြို့တော်ဝန် အန်းအီဗားရတ်က ပြောပြီး လေဆင်နှာမောင်းက ယင်းအရပ်တွင် ၃၅ မိုင် အကွာအဝေးအထိ တိုက်ခတ်မွှေနှောက်သွားကြောင်း မှတ်ချက်ပြုသည်။

အိမ်နီးချင်း အာကန်ဆက်ပြည်နယ်တွင် အနည်းဆုံးသုံးဦးသေဆုံးကာ နှစ်ဦးပျောက်ဆုံးနေသည်ဟု အာဏာပိုင်များက ဆိုသည်။ မုန်တိုင်းနှင့် အတူရေကြီးမှုများလည်း တစ်ချို့အရပ်ဒေသများတွင် ဖြစ်ပွားသည်။

မစ်ဆောရီပြည်နယ်တွ်င အသက် ရ၂ နှစ်ရှိ အဘွားအိုတစ်ဦးသေဆုံးပြီး မစ္စစ္စပီပြည်နယ်တွင် အိမ်ပေါ်သစ်ပင်ပြိုလဲရာမှာ လူတစ်ဦးသေဆုံးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly