အမ်မီနမ်က နယူးဇီလန် အာဏာရနိုင်ငံရေးပါတီအား တရားစွဲ

အမ်မီနမ်က နယူးဇီလန် အာဏာရနိုင်ငံရေးပါတီအား တရားစွဲ

နယူးယောက်၊ မေ ၁ ။           ။ ဟစ်ဟော့အဆိုတော် အမ်မီနမ်က နယူးဇီလန်နိုင်ငံရဲ့ အာဏာရနိုင်ငံရေးပါတီကို တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

ထိုပါတီက မဲဆွယ်ကာလမှာ သူ့သီချင်း Lose Yourself ကို ယူသုံးခဲ့တယ်စွပ်စွဲပြီး ခုလိုတရားစွဲဖို့ လုပ်လာတာဖြစ်ပါတယ်။

အမ်မီနမ်ရဲ့ ရှေ့နေတွေက နယူးဇီလန် အာဏာရပါတီ နေရှင်နယ်ပါတီဟာ ထိုသီချင်းကို ခွင့်ပြုချက်မရှိဘဲ ယူသုံးခဲ့တယ်လို့ ဟိုက်ကုတ်တရားရုံးမှာ ဦးတည်ဆောက်ထားပါတယ်။

အမ်မီနမ်ရဲ့ Lose Yourself သီချင်းဟာ ၂၀၀၂ ခုနှစ်တုန်းက ၎င်းအဓိကဇာတ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်တဲ့ 8 Mile ရုပ်ရှင်ရဲ့ ဇာတ်ဝင်တေးသီချင်းတစ်ပုဒ်လည်းဖြစ်ပါတယ်။

နယူးဇီလန် နေရှင်နယ်ပါတီဟာ ၂၀၁၄ ခုနှစ်က ရွေးကောက်ပွဲအတွက် ရုပ်သံကနေ မဲဆွယ်ရာမှာ ဒီသီချင်းကို ယူသုံးခဲ့ပြီး မူပိုင်ခွင့်ဥပဒေကို ချိုးဖောက်ခဲ့တယ်လို့ အမ်မီနမ်ရဲ့ မန်နေဂျာတစ်ဦးဖြစ်တဲ့ ဂါရီဝီလျှံက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly